Error message

User warning: The following module is missing from the file system: sharethis. For information about how to fix this, see the documentation page. in _drupal_trigger_error_with_delayed_logging() (line 1156 of /home3/cp119992/public_html/goandgo-travels.com/includes/bootstrap.inc).


နိုဝင်ဘာ ၂၁ ရက် မှ ၂၅ ရက် နှင့် ဒီဇင်ဘာ ၂၁ ရက် မှ ၂၅ တို့ တွင် လည်ပတ်မည့် လေ့လာအပမ်းဖြေ …. နဂါးတို့ မြေ ထိုင်ဝမ်ခရီးစဉ်

ထိုင်ပေ - နန်ထို - ကောင်းရှုံ - ထောင်ယွင် ( ၆ ရက် / ၅ ည ) ခရီးစဉ်

ေစျးနှုန်း - လူကြီးတစ်ဦးကို ( ၁၁၈၀ ) USD

 

Day1) : ရန်ကုန် - ထိုင်ပေ ( ညနေစာ )

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် GO & GO Travels – Tour Leader မှ ခရီးဦးကြိုဆိုပြီး China Air line ( CI 7916 ) ဖြင့် နံနက် ၁၀း၃၀ အချိန်တွင် ထိုင်ဝမ်နိုင်ငံသို ့ ထွက်ခွါပါမည်။ ထိုင်ဝမ်စံတော်ချိန် ၁၆း၂၀ တွင် ထိုင်ဝမ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို ့ဆိုက်ရောက်ပါမည်။ လေဆိပ်တွင် မိမိတို ့ဧည့်လမ်းညွှန်မှ ကြိုဆိုနှုတ်ဆက်ပြီး တဆက်တည်း  တည်းခိုမည့်ဟိုတယ်သို ့ထွက်ခွါကာ မိမိတို ့ဧည့်လမ်းညွှန်မှ ဟိုတယ် Check in ပြုလုပ်ပေးနေစဉ် ဟိုတယ်ဧည့်ခန်းမတွင် အနားယူနိုင်ပါသည်။ ပြီးနောက် ညနေစာကို အရသာရှိလှသော ထိုင်ဝမ်အစားအစားများဖြင့်တည်ခင်းဧည့့်ခံပါမည်။ ပြီးနောက် မိမိတို ့အခန်းများအတွင်းပြန်လည်ဝင်ရောက်အိပ်စက်အနားယူပါမည်။ ထိုင်ပေးတွင် ညအိပ်ပါမည်။

Day2) : ထိုင်ပေမြို ့လည်ပတ်ခြင်း ( နံနက်/နေ ့လည်/ညနေစာ )

ဟိုတယ်စားသောက်ခန်းမတွင် နံနက်စာသုံးဆောင်ကြပြီးနောက်၊ ထိုင်ပေမြို ့ကိုစတင်လည်ပတ်ရာတွင် ရှေးယခင်ကရွှေထွက် သောနေရာဖြစ်သည့် Jiufen Old Street သို ့ပထမဦးစွားသွားရောက်လေ့လာလည်ပတ်ကြပါမည်။ ပြီးနောက် ထိုင်ပေမြို ့၏ အထင်ကရနေရာဖြစ်သော ဘုရင်မဦးခေါင်းနှင့် မှိုပွင့်ပုံကျောက်ဆောင်များရှိရာ Yehliu Geo Park သို ့သွားရောက်လည်ပတ်ပြီါ် အမှတ်တရဓါတ်ပုံများရိုက်ကြပါမည်။ ပြီးနောက် နေ ့လည်စာကို သန် ့ရှင်းလတ်ဆပ်သော ပင်လယ်စာဖြင့်တည်ခင်းဧည့့်ခံပါမည်။ မွှန်းလွှဲပိုင်းလည်ပတ်မှုအနေဖြင့်  ခန်ကေရှိတ် အောက်မေ့ဖွယ်အမှတ်တရခန်းမ ( C.K.S memorial hall ) သို ့ ွသွားရောက် လည်ပတ်လေ့လာကြပြီးနောက် ထိုင်ဝမ်နိုင်ငံ၏ ဂုဏ်ဆောင် 101 Taipei  သို ့တက်ရောက်လည်ပတ်ပြီးထိုင်ပေမြို ့အလှကို အပေါ်စီးမှကြည့်ရှုခံစားကြပါမည်။ ပြီးနောက် Duty Free Shapping သို ့သွားရောက်ကာ စျေးဝယ်ထွက်ကြပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို ့ပြန်လည်ဝင်ရောက်ကာအိပ်စက်အနားယူပါမည်။ ထိုင်ပေတွင်ညအိပ်ပါမည်။

Day3) : ထိုင်ပေ - နန်ထို ( နံနက်/နေ ့လည်/ညနေစာ )

ဟိုတယ်စားသောက်ခန်းမတွင် နံနက်စာသုံးဆောင်ကြပြီးနောက်၊ ဟိုတယ်မှ Check Out လုပ်ကာ၊ ထိုင်ပေမြို ့မှ ၁၉၄ ကီလိုမီ တာ အကွာအဝေးတွင်ရှိပြီး၊ ကားဖြင့် ၂ နာရီ ၄၆ မိနစ်ခန် ့ကားမောင်းသွားရသော နန်ထိုမြို ့သို ့ ထွက်ခွါပါမည်။ နန်ထိုမြို ့ သို ့ရောက်လျှင် ဖေါ်မိုဆာယဉ်ကျေးမှုရိုးရာတိုင်းရင်းသားကျေးရွာ ( Formosa Cultural Village ) နှင့် ကစားကွင်း သို ့သွား ရောက်လေ့လာလည်ပတ်အပမ်းဖြေကြပြီးနောက်၊ Cable car စီးကာ နာမည်ကျော် နေလရေကန် ( ှSun Moon Lake ) ကန်ကြီး ကို အပျော်စီးသင်္ဘောစြီး့ပီး၊ ကန်၏အလှကိုကြည့်ရှုခံစားပြီးနောက် တောင်ပေါ်ရှိ ကွမ်ယင်မယ်တော် ကျောင်းကိုတက်ရောက်ကာ လည်ပတ်ကြပါမည်။ ညနေပိုင်းတွင် ကန်တဘက်ကမ်းရှိ ဖူးစာရေးနတ်မင်းကြီးစောင့်ရှောက်ရာ Wun Wu Temple သို ့ သွား ရောက်လည်ပတ်ပါမည်။ ပြီးနောက် ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို ့ပြန်လည်ဝင်ရောက်ကာ အိပ်စက်အနားယူပါမည်။ နန်ထိုတွင်ညအိပ်ပါမည်။

Day4) : နန်ထို - ကောင်းရှုံ ( နံနက်/နေ ့လည်/ညနေစာ )

ဟိုတယ်စားသောက်ခန်းမတွင် နံနက်စာသုံးဆောင်ကြပြီးနောက်၊ ဟိုတယ်မှ Check Out လုပ်ကာ၊ ကံကောင်းခြင်းတို ့ခေါ်ဆောင် ရာ ကျားနဂါးပြသဒ် သို ့သွားရောက်လည်ပတ်ပါမည်။ ထို ့နောက် တိဘက်နှင့် ထိုင်ဝမ် ဖုန်တော်ကြီး နှစ်ပါးမှ ဗုဒ္ဓသာသနာပြန် ့ပွါး စေရန်အတွက် ဗုဒ္ဓဆံတော်ဖြင့်တည်ထားသော ထိုင်တော်မူကြေးသွန်းဘုရားကြီး Fo Guang Shan သို ့ သွားရောက်ဖူးမျှော်ကြ ပြီး နေ ့လည်စာကို ဘုရားကျောင်ဝင်းအတွင်းရှိ သတ်သတ်လွတ်စားသောက်ဆိုင်တွင် သုံးဆောင်ကြပါမည်။  ပြီးနောက် ထိုင်ဝမ်နိုင်ငံ၏နာမည်ကျော် နာနတ်သီးဌာပဏ္ဍာထားသောမုန် ့ထုတ်လုပ်ရာ  Pineapple Villa Factory  သို ့ သွားရောက် လည်ပတ်လေ့လာပြီး၊ နာမည်ကျော်မုန် ့မျိုးစုံကိုဝယ်ယူကြပါမည်။  ညနေပိုင်းတွင် ကောင်းရှုံမြို ့၏ အချစ်ရေချောင်းလေး (Love River ) အတွင်း အပျော်စီးသင်္ဘောလေးစီးကာ မြစ်ကြောင်းတစ်လျှောက်ကြည့်ရှုခံစားပြီးနောက် ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို ့ပြန်လည်ဝင်ရောက်ကာ အိပ်စက်အနားယူပါမည်။ ကောင်းရှုံတွင်ညအိပ်ပါမည်။

Day5) : ကောင်းရှုံ - ထောင်ယွင် ( နံနက်/နေ ့လည်/ညနေစာ )

ဟိုတယ်စားသောက်ခန်းမတွင် နံနက်စာသုံးဆောင်ကြပြီးနောက်၊ ဟိုတယ်မှ Check Out လုပ်ကာ၊ ကောင်းရှုံ မှ High Speed Train ဖြင့် တစ်နာရီခန် ့သွားရသော ထောင်ယွင် ကိုထွက်ခွါပါမည်။ ထောင်ယွင်သို ့ရောက်လျှင် နေ ့လည်စာသုံးဆောင်ကြပြီး နောက် နာမည်ကျော် Xiemending Area တွင် အိမ်အပြန်လက်ဆောင်များဝယ်ယူြ့ပီး၊ ပျော်ရွှင်စွာစျေးဝယ်လည်ပတ်ပါမည်။  ဆက်လက်ပြီး Daxi Old Street သို ့သွားရောက်လည်ပတ်ကြပါမည်။ ညနေစာသုံးဆောင်ြ့ီးနောက် တစ်နေ ့တာပင်ပမ်းမှု ကို ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။ ထောင်ယွင်တွင် ညအိပ်ပါမည်။

Day6) : ထိုင်ပေ - ရန်ကုန် ( နံနက်စာ )

ဟိုတယ်မှ နံနက်စာကို Box ဖြင့်ယူဆောင်ပြီး လေဆိပ်သို ့ ဆင်းပါမည်။  CI 7916 ဖြင့် ရန်ကုန်မြို ့သို ့ပြန်လည်ထွက်ခွါပါမည်။

 

ခရီးစဉ်တွင်ပါ၀င်သည့်အရာများ

-    ရန်ကုန် / တိုင်ပေ / ရန်ကုန် လေယာဉ်လက်မှတ် နှင့် လေဆိပ်အခွန်
-    ထိုင်ဝမ်ဗီဇာ
-    ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ် ၂ ယောက်အိပ်ခန်း နှင့် နံနက်စာ
-    နေ ့လည်စာ နှင့် ညနေစာများ
-    အင်္ဂလိပ်စကားပြော ( သို ့ ) မြန်မာစကားပြောဧည့်လမ်းညွှန်နှင့် မြန်မာတိုးလီဒါ
-    ခရီးစဉ်တလျှောက်သွားလာလည်ပတ်မှုအတွက်ကားများ
-    သောက်ရေသန် ့
-    ၀င်ကြေးများ
-    ရထားလက်မှတ်
-    သင်္ဘောလက်မှတ်ခများ
-    ဧည့်လမ်းညွှန်နှင့် ကားမောင်းသမားတို ့အတွက် အပိုကြေးများ

 

ခရီးစဉ်တွင်မပါ၀င်သည့်အရာများ

-    အချိုရည် အဖျော်ယမကာနှင့် အဝတ်လျှော်ခများ
-    ခရီးစဉ်တွင်မပါသောလည်ပတ်မှုများနှင့် ၀င်ကြေးများ
-    ဟိုတယ်အတွင်းမီနီဘားအသုံးပြုခများ နှင့် တယ်လီဖုန်း အင်တာနက် အသုံးပြုခများ
-    ခရီးသွားအာမခံနှင့် ကျန်မာရေးအာမခံ
-    ကိုယ်ပိုင်အသုံးစရိတ်များ

ခလေးများအတွက်

-    ရင်ခွင်ပိုက်ခလေးများအတွက် လူကြီးစျေးနှုန်း၏ ၆၀%
-    ၃ နှစ်မှ ၈ နှစ်အထိ ကလေးများအတွက် လူကြီးစျေးနှုန်း၏ ၈၀ % ( ကုဒင်မပေးပါ )
-    ၈ နှစ်အထက်ကလေးများအတွက် လူကြီးစျေးနှုန်းအတိုင်း