Error message

User warning: The following module is missing from the file system: sharethis. For information about how to fix this, see the documentation page. in _drupal_trigger_error_with_delayed_logging() (line 1156 of /home3/cp119992/public_html/goandgo-travels.com/includes/bootstrap.inc).

India Tour

အိန္ဒိယနိုင်ငံ၏ လှပအံ့သြဖွယ်နေရာများသို့သွားရောက်လည်ပတ်မည့်
ဒေလီ – သီရိဂန်ဂါ – ကူလ်မတ် – ဆံမာဂ် – သီရိနာဂါ – ဒေလီ
၇ ရက် / ၆ ည အထူးခရီးစဉ်

 

              

 

ဥရောပနိုင်ငံများနိုင်ငံများသို့သွားရောက်မလည်ပတ်နိုင်သူများ ရက်ရှည်အချိန်မပေးနိုင်သူများအတွက်ကျွန်တော်များ ွGO & GO ခရီးသွားလုပ်ငန်းကုမ္မဏီမှအဆိုပါနိုင်ငံကြီးများသို့လည်ပတ်ရသည့်အလား ခံစားစေမည့်အိန္ဒိယနိုင်ငံခရီးစဉ်အား အထူးအစီအစဉ်အဖြစ် ဝန်ဆောင်မှုပေးနေပါသည်။

 

ပထမနေ့        -    ဒေလီမြို့
အိန္ဒိဒေလီမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလျှင် ဧည့်လမ်းညွန်မှလာရောက်ကြိုဆိုနှုတ်ဆက်ပြီးတည်းခိုမည့်ဟိုတယ်ရှိရာသို့ထွက်ခွာကြပါမည်။ ဟိုတယ်တွင်ခ့နခု-ငည ပြုလုပ်ယူပြီးဟိုတယ်၌ပေါ့ပါးလွတ်လပ်စွာ အနားယူကာတစ်ညတာညအိပ်စက်ပါမည်။

 

ဒုတိယနေ ့    -    ဒေလီ – သီရိဂန်ဂါ (နံနက်/နေ့လည်/ညစာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ကြပြီးနောက်၊ ကေရှီမီးလ်ပြည်နယ်သို့ခရီးဆက်ရန်လေဆိပ်သို့ထွက်ခွာကြပါမည်။ ကေရှီမီးလ်ပြည်နယ်သို့ရောက်လျှင်၊ တည်းခိုမည့်ဟိုတယ်၌ check in ပြုလုပ်ကာခေတ္တအနားယူကြပြီး၊ဒေသခံနေ့လည်စာသုံးဆောင်ကြပါမည်။ ထို့နောက်တွင် ဂျမူးနှင့်ကေရှီမီးလ်ပြည်နယ်အကြားသိရိနာဂါမြို့အနီး ဒါလ်ရေကန်၏အရှေ့ဘက်၌တည်ရှိသည့် ဟော်လန်နိုင်ငံမှပန်းမျိုးစိတ်များစိုက်ပျိုးထားရာ နီရှပ်ပန်းဥယျာဉ်တော်အတွင်းလည်ပတ်ကြပါမည်။ ဤဥယျာဉ်သည်ကေရှီမီးလ်တောင်ကြားဒေသအတွင်း ရှာလီမာဘတ်ဥယျာဉ်တော်အပြီး ဒုတိယအကြီးဆုံးဥယျာဉ်တော်ဖြစ်ပြီး၊ ကာဥူဒူဘာသာစကားဖြင့်နီရှပ်ဘတ်ဟုခေါ်ဆိုကြပြီး၊ပျော်ရွှင်ခြင်းဥယျာဉ်၊ ဝမ်းမြောက်ခြင်းဥယျာဉ်နှင့် သာယာကြည်နူးခြင်းဥယျာဉ်ဟုအဓိပ္ပါယ်ရပါသည်။ နီရှပ်ဥယျာဉ်တော်အပြီး ရှလီမာပန်းဥယျာဉ်တော်သို့ဆက်လက်လည်ပတ်ကြပါမည်။ ဤရှလီမာဥယျာဉ်သည်လည်း အိန္ဒိယနိုင်ငံ၏ ဂျမူးနှင့်ကေရှ်မီးလ်ပြည်နယ်အကြား သိရိနာဂါမြို့အနီး၌တည်ရှိကာ၊ ဒါလ်ရေကန်၏ အရှေ့မြောက်ဘက်မှရေလက်ကြားငယ်လေးနှင့်ဆက်သွယ်နေပါသည်။ ဥယျာဉ်တော်အား ရှလမာလ်ဥယျာဉ်၊ ဖာရာဂ် ဘတ်နှင့်ဖေ့စ်ဘတ်ရ်ှ ဟု လည်းခေါ်ကြပြီး ဥယျာဉ်တော်၏ အနီးနား၌လည်း အခြားနာမည်ကျော်ကန်စပ်ဥယျာဉ်တော်နီရှပ်တည်ရှိကာ ယခုအခါရှလီမာဥယျာဉ်တော်သည်ပြည်သူ့ဥယျာဉ်တစ်ခုဖြစ်နေပြီး မုဂါလ်ခေတ်ပန်းမန်ဥယျာဉ်စိုက်ပျိုးခြင်းအတတ်ပညာမင်တက်ဖွယ်ထွန်းကားပုံကိုဖေါ်ပြရင်း ၁၆၁၉ ခုနှစ်၌မုဂါလ်အင်ပါယာ ဧကရာဇ်မင်း ဂျဟန်းတြာမှချစ်ဇနီးသည်နူဂျဟန်း အတွက်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။အကယ်၍ဖွင့်လှစ်သောနေ့နှင့်ကြုံပါက Tulip Garden ေခါ် ခတ္တာပန်းဥယျာဉ်တော်သို့လည်း ဝင်ရောက်လည်ပတ်ကြပါမည်။ ဤဥယျာဉ်သည်လည်း ရာပေါင်းများစွာသောရောင်စုံကော်ဇောများခင်းကျင်းထားသည့်အလား၊မျိုးစိတ်ပေါင်း ၆ဝ ကျော်သောခတ္တာပန်းများဝေဆာဖူးပွင့်ကာ၊ထောင်ပေါင်းများစွာသောပြည်တွင်းပြည်ပ ဧည့်သည်များအား ရင်သပ်ရှုပမောစေသည့်ပန်းဥယျာဉ်ဖြစ်ပါသည်။ သင်းပျံ့သောရနံ့နှင့်အတူခမ်းနားတင့်တယ်စွာဝေဆာဖူးပွင့်နေသည့်ခတ္တာပန်းအလှများကိုကြည့်ရှု့ခံစားပြီး တည်းခိုရာ ဟိုတယ်သို့ပြန်ကာ အနားယူကြပါမည်။

 

တတိယနေ ့    -    သိရိဂန်ဂါ – ကူလ်မတ်ဂ် (နံနက်/နေ့လည်/ညစာ)
နံနက်စာအား လှေပေါ်ဟိုတယ်၌ပင်သုံးဆောင်ကြပြီး တနေ့တာလေ့လာရေးခရီးစဉ်အဖြစ်'ပန်းခင်း' ဟုအဓိပ္ပါယ်ရကာပင်လယ်ပြင်အထက်အမြင့် ၂၇၃ဝ မီတာရှိပြီး ကမ္ဘာပေါ်ရှိအကောင်းဆုံးသောစကိတ်ပြင်များထဲမှတစ်ခုဖြစ်သည့်ကူလ်မတ်ဂ် သို့ထွက်ခွာပါမည်။ ကူလ်မတ်ဂ်သည်မိတ်ဆွေတို့၏ အမြင်အာရုံ၊ စိတ်အာရုံများ ဖမ်းစားမည့်ရင်သပ်ရှုမောဖွယ်ကားချပ်များဖြင့် ဝိုင်းပတ်ထားကာသင်းပျံ့လှသည့်ပန်းရနံ့များအစဉ် ဝဲပျံနေ၍ ဟိမဝန္ထာတောင်စွယ်၌ ရှု့မောဖွယ်တည်ရှိပြီး နွေနှင့်ဆောင်းဦးကာလများတွင်သာယာကြည်နူးဖွယ်ရာသီဥတုပိုင်ဆိုင်ရရှိစေသည့်ကြည်လင်အေးမြသောရေကန်များ၊ ရှုပမဝ ရှု့မငြီး ရှု့့ခင်းသာများနှင့်စိမ်းလန်းစိုပြည်သည့်ပတ်ဝန်းကျင်အလှများဖြင့် သောင်းပြောင်းသောကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်ရာအံ့ဘနန်းနေရာဖြစ်ပါသည်။ ကူလ်မတ်ဂ်သည်အိန္ဒိယနိုင်ငံ၏အကြီးဆုံးနှင့်အကောင်းဆုံးသောစကိတ်ပြင်ဖြစ်ကာအထူးသဖြင့်ဆောင်းတွင်းရာသီများ၌နှင်းမိုးများသည်းထန်စွာကျလေ့ရှိကာ သဘာဝမိခင်မှ မင်တက်ဖွယ်အလှတရားများနှင့်တည်ငြိမ်အေးချမ်းသည့်လေထုများပိုင်ဆိုင်စေခြင်းကဤဒေသကိုအကောင်းဆုံး ခရီးသွားနေရာဖြစ်စေပါသည်။အရှတိုက်၏ အရှည်လျားဆုံးနှင့်အမြင့်ဆုံးသောသံကြိုးဆွဲယာဉ်(ဃဘေူန ဃမေ)စီးကာအသက်ရှုမှားလောက််သောမမေ့နိုင်စရာအတွေ့အကြုံများ ရယူကြပြီးနောက်တွင်နေ့လည်စာပူပူနွေးနွေးအား မြိန်ယှက်စွာသုံးဆောင်ကြပါမည်။ကူလ်မတ်ဂ် ၌ပျော်ရွှင်စွာလည်ပတ်ကြပြီးနောက်ညစာသုံးဆောင်ကာကူလ်မတ်ဂ် ရှိ ဟိုတယ်တွင် အနားယူအိပ်စက်ပါမည်။

 

စတုတ္ထနေ့        -    ကူလ်မတ်ဂ် –ဆံမာဂ် (နံနက်/နေ့လည်/ညစာ)
နံနက်စာအားဟိုတယ်စားသောက်ခန်း၌သုံးဆောင်ကြပြီးနောက်ပင်လယ်ပြင်အထက်အမြင့်မီတာ ၃ဝဝဝ ရှိသည့်သံမာဂ် မြို့သို့ခရီးဆက်ကာ၊ကေရ်ှမီးရ်ပြည်နယ်အတွင်းအကြီးဆုံးသောတောင်ကြားဖြစ်သည့်ဆစ်တ်အားဖြတ်သန်းအသွား အိန္ဒိယနိုင်ငံ၏ လက်ဖျားခါလောက်သည့်ရှုခင်းများ ကြည့်ရှု့ခံစားရင်း ပျော်ရွှင်စွာသွားကြပါမည်။ဤတောင်ကြားဒေသသည်တောင်တက်တောင်ဆင်းနှင့်မိုင်ပေါင်း ၆ဝ ခန့်ရှိကာလျိုလေးများ၊ နက်ရှိုင်းလှသည့်ကျောက်ဆောင်၊ ချောက်နက်များအပြင်ကျယ်ပြောလှပြီး စိမ်းလန်းစိုပြည်သောမြက်ခင်းလွင်ပြင်များ၌ကျေးရွာများအား ဟိုတစ်စု ဒီတစ်စုနှင့်အေးချမ်းစွာမြင်တွေ့ရမည်ဖြစ်ပါသည်။ ရင်သပ်ရှု့မောဖွယ်လမ်းခရီးများဖြတ်ကျော်ပြီး ဆံမာဂ် မြို့သို့ရောက်လျှင် ဟိုတယ်၌ checkin ပြုလုပ်ကာပေါ့ပါးလွတ်လပ်စွာ အနားယူပြီးနောက်အရသာထူးသည့်ဒေသခံညစာသုံးဆောင်ကြကာအိပ်စက်အနားယူပါမည်။

 

ပဥ္စမနေ့    -    ဆံမာဂ် – သိရိနာဂါ (နံနက်/နေ့လည်/ညစာ)
နံနက်စာအားဟိုတယ်စားသောက်ခန်း၌သုံးဆောင်ကြပြီးနောက်နက်ပြာရောင်မိုးကောင်းကင်အောက်မြို့နောက်ခံရှု့ခင်းအဖြစ်နှင်းဖုံးတောင်များပိုင်ဆိုင်ထားပြီး 'ရွှေလွင်ပြင်' ဟု အဓိပ္ပါယ်ရသည့်ဆံမာဂ်မြို့အားလည်ပတ်ကြည့်ရှု့ကြပါမည်။အကွေ့အကောက်များလှသည့်ဤတောင်ကြားတစ်လျှောက်တွင်မာဇိပ်ဖ် ဟု ခေါ်သောရေခဲငါးများနှင့်ထရောက်(Trout)ရခဲငါးများပေါများလှ၍ထိုငါးများကိုမြစ်ထဲမှအလွယ်တကူပင်ဖမ်းယူနိုင်ကာ၊နွေကာလအတွင်း အဓိကဆွဲဆောင်မှုအဖြစ်၊ဒေသခံမြင်းပုများ ငှားရမ်းစီးကာတာဂျီဝပ်စ် ရေခဲမြစ်တိုင်လည်ပတ်နိုင်သည်။ ဆံမာဂ် ဒေသ၏ ရာသီဥတုမှာလည်း အစဉ်အေးမြလန်းဆန်းနေပြီး ဇူလိုင်လနှင့် သြဂုတ်လများအတွင်း နှစ်ရက်မှသုံးရက်တစ်ကြိမ်မျှမိုးကျတတ်သည်ကလွဲ၍လည်ပတ်ရန်အစဉ်ချောမွေ့နေတတ်ပြီး ခရီးသည်များအား ကြည်နူးမှုရသများပေးစွမ်းသည့်ဒေသဖြစ်ပါသည်။ မြို့တော်အားလည်ပတ်ကြည့်ရှု့အပြီး၊ပူပူနွေးနွေး ဒေသခံအစားအစာများဖြင့်နေ့လည်စာသုံးဆောင်ကာသီရိနာဂါသို့ဆက်လက်ထွက်ခွာကြပါမည်။သီရိနာဂါ သို့ရောက်ရှိလာချိန် ဟိုတယ်၌ဃ့နခု-ငညလုပ်ကာခေတ္တအနားယူပြီး ညစာသုံးဆောင်ကာ အနားယူအိပ်စက်ပါမည်။

 

ဆဌမနေ့    -    သီရိနာဂါ - ဒေလီ (နံနက်/နေ့လည်/ညစာ)
နံနက်အစောပိုင်း ဒါလ်ရေကန်နှင့်နာဂင်ဥယျာဉ်များ၌လှေပေါ်ဟိုတယ်ဖြင့်ခရီးဆက်ကာနံနက်စာအား လှေပေါ်ဟိုတယ်၌ပင်ပျော်ပျော်ပါးပါး သုံးဆောင်ကြပြီး ဒေလီမြို့သို့ခရီးဆက်နိုင်ရန်သီရိနာဂါ လေဆိပ်သို့ထွက်ခွာကြပါမည်။ ဒေလီလေဆိပ်သို့ဆိုက်ရောက်ပြီး ဆက်လက်၍ အဂ်ရာမြို့သို့ဗငမဃသညဘကျဖြင့်ပျော်ရွှင်စွာခရီးဆက်ကာ အဂ်ရာရှိ ဟိုတယ်၌ check in ပြုလုပ်ကာပေါ့ပေါ့ပါးပါးအနားယူကြပါမည်။ ညစာအား ဟိုတယ်စားသောက်ခန်း၌သုံးဆောင်ကြပြီး အနားယူအိပ်စက်ကြပါမည်။

 

သတ္တမနေ့    -    အာဂ်ရာ -  ဒေလီ(နံနက်/နေ့လည်/ညစာ)
နံနက်စာအားဟိုတယ်စားသောက်ခန်း၌သုံးဆောင်ကြပြီးနောက်၊ တပ်ဂျ်မဟာနှင့်အဂ်ရာခံတပ် (Taj Mahal  & Agra Fort or Red Fort) များသို့ပျော်ပျော်ပါးပါး လည်ပတ်ကြပါမည်။
တပ်ဂျ်မဟာ(Taj Mahal ) း ဤဆောက်အအုံသည်ကမ္ဘာ့အံ့ဖွယ်ခုနှစ်သွယ်မှတစ်ခုဖြစ်သည်နှင့်အညီအလွန်တရာထူးကဲပြီး ကြီးမားသည့်ချစ်ခြင်းမေတ္တာ၏ ပြယုဒ်တစ်ခုဖြစ်နေပါသည်။ အကြောင်းမှာပျားပြားစွာသောအဖိုးတန်စကျင်ကျောက်ဖြူများဖြင့်ခက်ခက်ခဲခဲပြောင်မြောက်သည့်လက်ရာများအဖြစ်၂ဝဝဝဝသောလုပ်သားများဖြင့် ၁၇ နှစ်တိုင်တိုင်ဘုရင်ရှာဂျဟန်မှကွယ်လွန်သူချစ်ဇနီးသည်၏ အထိမ်းအမှတ်အဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
အာဂ်ရာခံတပ်မိတ်ဆွေခရီးသည်များမှတပ်ဂျ်မဟာ အပါအဝင်အနီးအနားရှိရှု့မောဖွယ်အခြားရှေးဟောင်းအဆောက်အဦးများ၊ မင်တက်ဖွယ်ရှု့မငြီးရှု့ခင်းအလှများအား ယမုံနာမစ်၏ တစ်ဘက်ကမ်း၌တည်ဆောက်ထားသည့်အဂ်ရာခံတပ်ပေါ်ရှိအဠဂံမျှော်စင်ငယ်ပေါ်မှကြည့်ရှု့ခံစားနိုင်မည်ဖြစ်ပါသည်။ နေ့လည်စာသုံးဆောင်ပြီး ဒေလီသို့အဆင့်မြင့်ဗငမခသည ကြျဖြင့်ခရီးဆက်ကာဒေလီသို့ဆိုက်ရောက်လျှင်ညစာသုံးဆောင်ချိန်မရောက်မီအချိန်ရရှိပါကနယူးဒေလီကြက်ပျံမကျOutlet စျေး၌ပျော်ပျော်ပါးပါးShoppingထွက်ကြပါမည်။ ညစာအား အဆင့်မြင့်စားသောက်ဆိုင်တွင်မြိန်ယှက်စွာသုံးဆောင်ကြပြီးနောက်အမိမြေပြည်ရွှေမြန်မာသို့ပြန်လာရန်ဒေလီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ထွက်ခွာကြပါမည်။


 

ယူအက်စ်ဒေါ်လာဖြင့်တစ်ဦးချင်းခရီးစဉ်စျေးနှုန်းများ

Hotel

2 pax

4 pax

6 pax

8 pax

10  - 15 pax

16 – 20 pax

25 pax

30 pax

Single +

4*

1580

1480

1450

1410

1380

1350

1300

1280

180

 

ခရီးစဉ်တွင်ပါဝင်သည့်အရာများ
-    အိန္ဒိယဗီဇာကြေး
-    ရန်ကုန် - ဒေလီ-  ရန်ကုန်အသွား/အပြန်လေယဉ်လက်မှတ်နှင့်လေဆိပ်အခွန်
-    လေဆိပ်ကြို/ပို ့
-    ကြယ်လေးပွင့်အဆင်ရှိ ဟိုတယ် ၂ ယောက်အိပ်ခန်း
-    အင်္ဂလိပ်စကားပြောတရားဝင်ဧည့်လမ်းညွှန်
-    မြန်မာတိုးလီဒါ ( လူဦးရေ ၁ဝ ဦးမှစပြီးပါဝင်ပါမည် )
-    သွားလာလည်ပတ်မှုအတွက်အဲကွန်းပရိုက်ဗစ်ကား
-    ခရီးစဉ်တွင်ပါဝင်သည့်ဝင်ကြေးများ
-    ခရီးစဉ်တွင်ပါဝင်သည်ဟုဖေါ်ပြထားသောနံနက်/နေ့လည်/ညနေစာများ
-    ခရီးစဉ်တွင်ဖေါ်ပြထားသောလည်ပတ်မှုများ
-    လူတစ်ဦးလျှင်ရေသန့်ဗူးတစ်နေတစ်ဗူး
ခရီးစဉ်တွင်မပါဝင်သည့်အရာများ
-    အချိုရည်၊ အဖျော်ယမကာနှင့်မုန့်များ
-    အဝတ်လျှော်ခများ
-    တယ်လီဖုန်း/ဖက်စ်/အင်တာနက် /အီးမေးလ်အသုံးပြုခများ
-    ဟိုတယ်အခန်းတွင်းမီနီဘားရှိအစားအသောက်များ၊ ရေဗူး၊ အချိုရည်သောက်သုံးမှုများ
-    မိမိကြောင့် ဟိုတယ်ခန်းအတွင်းရှိပစ္စည်း၊ အသုံးဆောင်များ ပျက်စီး/ပျောက်ဆုံးခြင်းများ
-    မိမိကြောင့်လေယဉ်နောက်ကျမှုဖြစ်စဉ်များ
-    Driver နှင့် Tour guide အတွက်အပိုကြေး (Tips Money  )
-    Insurance and other personal uses