8 Ds7Ns London-Scotland-Ireland-London ( ၈ ရက်/၇ ည လန်ဒန်-စကော့တလန်-အိုင်ယာလန်-လန်ဒန်)

8 Ds7Ns London-Scotland-Ireland-London ( ၈ ရက်/၇ ည လန်ဒန်-စကော့တလန်-အိုင်ယာလန်-လန်ဒန်)

ထွက်ခွါမည့်ရက်         ----   နိုဝင်ဘာလ ၈ ရက် - ၁၅ ရက်

Day(1):Yangon-London-Departure Day to London

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ(၀၉း၅၀)အချိန်တွင် ထိုင်းအဲဝေးလေယာဉ်ဖြင့်ထွက်ခွာပါမည်။ ထိုင်းနိုင်ငံသုဝဏ္ဏဘုံမိလေဆိပ်သို့ ထိုင်းနိုင်ငံစံတော်ချိန် နေ့လည်(၁၁း၄၅)တွင် ရောက်ပါမည်။ ၄င်းလေဆိပ်မှ (၁၂း၅၀) အချိန်တွင်ပြန်လည်ထွက်ခွာပါမည်။ လန်ဒန်မြို့သို့ အင်္ဂလန်စံတော်ချိန် ညနေ(၁၈း၅၅)တွင်ရောက်ပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုနှုတ်ဆက်ပြီး ဟိုတယ်သို့ပို့ ဆောင် check-in လုပ် ပေးပါမည်။ လန်ဒန်မြို့တွင် ညအိပ်ပါမည်။ Hotel : Holiday Inn Hotel London Wembley (Or) Similar

Day(2):London-Full day sightseeing (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင် ပြီးနောက်၊ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို နှုတ်ဆက်ပြီးနောက် လန်ဒန်မြို့ကို စတင်လည်ပတ် ရာတွင် လန်ဒန်မြို့၏ ရှေးကျဆုံးဖြစ်သော Westminster Abbey Museum သို့သွားရောက် လည်ပတ်လေ့လာပါမည်။ ပြီးနောက် လန်ဒန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် Houses of Parliament သွားရောက်လည်ပတ်ပြီးနောက် City Cruises အပျော်စီးသင်္ဘောဖြင့် လန်ဒန်မြို့၏ အလှအပကို ကြည့်ရူခံစားကြ ရမည်ဖြစ်သည်။ပြီးနောက် နေ့လည်စာကို Fish & Chip Menu and Tea or Coffee သုံးဆောင်ပြီးနောက် Orientation Tour အနေဖြင့်လည်ပတ်ကြည့်ရူပြီး၊Leicester Square and China Town တို့ကို လည်ပတ် လေ့လာပါမည်။ ညနေ့စာကို China Town ရှိ Joy King Lau Chinese Restaurant တွင်တရုတ်ဟင်း၅မျိုးဖြင့် သုံးဆောင်ပြီးနောက်၊ ဟိုတယ်သို့ပြန်လည်ဝင်ရောက်ပြီး အိပ်စက်အနားယူပါမည်။ လန်ဒန်တွင်မြို့တွင်ညအိပ်ပါမည်။

Day(3):London-Cambridge-York-Darlington (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ဟိုတယ်မှ တခါတည်း Check out လုပ်ကာ၊ လန်ဒန်မြို့မှ ၁၀၈ ကီလိုမီတာဝေးသော Cambridge မြို့ရှိ Cambridge University ကို Orientation Tour အနေဖြင့်လည်ပတ်ကြည့်ရူပြီးနောက်၊ နေ့လည်စာကို Cambridge ရှိ Shanghai Family Restaurant တွင်တရုတ်ဟင်း၅မျိုးဖြင့်သုံးဆောင်ကြပြီး၊ Cambridge မှ ၂၄၉ ကီလိုမီတာ အကွာတွင်ရှိသော York မြို့သို့   ထွက်ခွာ ပါမည်။York သို့ရောက်လျှင် orientation Tour အနေဖြင့် City walls, York Minster တို့ကိုလေ့လာ ကြည်ရူ ပြီး နောက်၊ York မှ ၈၉ ကီလိုမီတာအကွာ အဝေးလောက်တွင်ရှိသော Darlington မြို့သို့ထွက်ခွာပါမည်။ညနေ့စာကို Darlington မြို့ရှိ ကြယ်သုံးပွင့် အဆင့်ရှိသော ဟိုတယ်တွင် check-in လုပ်ပြီးနောက် ညနေစာကို ဟိုတယ်စားသောက်ခန်းမတွင် သုံးဆောင်ပါမည်။ Darlington မြို့တွင် ညအိပ်ပါ မည်။ Hotel : Blackwell Grange Hotel Darlington (Or) Similar

Day(4):Darlington-Durham-Alnwick-Edinburgh(B/L/D)

နံနက်စာကို ဟိုတယ်၏ ဧည့်ခန်းမဆောင်တွင် သုံးဆောင်ပြီးနောက်၊ Darlington မှ ၃၈ ကီလိုမီတာအကွာအဝေး တွင်ရှိသော Durham မြို့သို့ထွက်ခွာပါမည်။  Durham မြို့သို့ ရောက်လျှင် Durham မြို့ရှိ အလှအပကြည်နူးဖွယ်ကောင်းသော sightseeing များကို လေ့လာ လည်ပတ်ပြီးနောက် Durham မှ ၈၅ ကီလိုမီတာ အကွာအဝေးတွင်ရှိသော Alnwick မြို့သို့ဆက်လက် ထွက်ခွာပါမည်။ Alnwick မြို့ရှိ Alnwick Castle လေ့လာ လည်ပတ် ပြီးနောက်၊နေ့လည်စာကို Beef Menu ဖြင့်သုံးဆောင်ပြီး Alnwick မှ၁၄၄ ကီလိုမီတာ အကွာ တွင်ရှိသော Edinburgh သို့ထွက်ခွာပါမည်။ အီဒင်ဘာရာ မြို့ရှိ Whisky များစုဝေးရာဖြစ်သော Whisky Heritage Centre သို့သွားရောက် လေ့လာလည်ပတ်ပါမည်။ညနေ့စာကို Saigon Saigon Chinese Restaurant တွင်သုံးဆောင်ပြီးနောက် ဟိုတယ်တွင် check-in လုပ်ပြီး ပေးပါမည်။ အီဒင်ဘာရာမြို့တွင်ညအိပ်ပါမည်။ Hotel : Holiday Inn Hotel Edinburg (Or ) Similar

Day(5):Edinburgh-Inverness-Koch Ness-Fort William-Dunblane(B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ အီဒင်ဘာရာန မှ ၂၅၁ ကီလိုမီတာအကွာတွင်ရှိသော အင်ဘာနက်စ် မြို့သို့ကားဖြင့် ထွက်ခွာ ပါမည်။ အင်ဘာနက်စ် မြို့တွင်လေ့လည်ပတ်ပြီးနောက် ညနေစာကို Glen Mhor Hotel တွင် Chicken Menu ဖြင့်သုံးဆောင်ပါမည်။ ဆက်လက်ပြီး အင်ဘာနက်စ် မှ ၃၃ ကီလိုမီတာအကွာတွင်ရှိသော လော့ခ်ျနက်စ်သို့ ထွက်ခွာပါမည်။ လော့ချနက်စ်တွင် အပျော်စီးသင်္ဘော ဖြင့် မြို့၏အလှအပများနှင့် Urquhart Castle ကိုပါ လေ့လာလည်ပတ်ကြပြီးနောက် Loch Ness မှ ၇၃ ကီလိုမီတာတွင်ရှိသော Fort William မြို့သို့ထွက်ခွာပါမည်။ Fort William မြို့ရှိပင်လယ်ရေမျက်နှာပြင်၏ ၁၃၄၅ မီတာတွင်ရှိသော Ben Nevis တောင်သို့ သွားရောက် လည်ပတ်ပါမည်။ Fort William မှ၁၅၀ကီလိုမီတာတွင်ရှိသော Dunblane မြို့သို့ထွက်ခွာပြီး ဟိုတယ်တွင် check-in လုပ်ပြီးနောက် အိပ်စက် အနားယူပါမည်။ Dunblane မြို့တွင်ညအိပ်ပါမည်။ Hotel : Double Tree by Hilton Dunblane Hydro ( Or) Similar

Day(6):Dunblane-Cairnryan-Belfast-Dublin(B/L/D)

နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက်၊ Dunblane မှ ၁၇၉ကီလိုမီတာ တွင်ရှိသော Cairnryan သို့ထွက်ခွာပါမည်။ Cairnryan မြို့ရှိနာမည်ကြီး Cairnryan to Belfast Foot Passengers ခေါ်အပျော်စီး သင်္ဘောဖြင့် Belfast သို့ထွက်ခွာပါမည်။ Belfast မှ ၁၆၆ ကီလို မီတာအကွာအဝေးတွင်ရှိသော Dublin မြို့သို့ထွက်ခွာပါမည်။ ညနေစာသုံးဆောင်ပြီးနောက် ဟိုတယ် တွင် check-in လုပ်ပြီးနောက် အိပ်စက်အနားယူပါမည်။ Dublin မြို့တွင်ညအိပ်ပါမည်။ Hotel : Red Cow Moran Hotel Dublin (Or) Similar

Day(7):Dublin-Full Day Sightseeing (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီးနောက် Dublin မြို့ရှိ Trinity College Library သို့သွားရောက်လည်ပတ် လေ့လာပြီးနောက်၊နေ့လည်စာကို Nancy Hands Bar and Restaurant တွင်သုံးဆောင်ပြီးနောက်၊ Dublin မြို့ တွင်ဈေးဝယ်ထွက်ကြပါမည်။ ညနေစာကို Good World Chinese Restaurant တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန် လည်ဝင်ရောက် အိပ်စက်အနားယူပါမည်။ ဒူဘလင်မြို့တွင် ညအိပ်ပါမည်။

Day(8) : London-Yangon (B)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် မိမိတို့ Tour Director မှ လေဆိပ်သို့ပို့ဆောင်နှုတ်ဆက်ပါမည်။

Code Duration 6-9 pax 10 pax 15 pax 20 pax 25 pax 30 pax Single +
GG-OB1811 8 Days 4250 3900 3500 3300 3160 3000 300

 

 

Price Includes Price Excludes

International Air ticket and airport tax ( 1480 ) USD
Visa fee and visa service ( 200 USD )
3*~3.5* Hotel with daily breakfast
Lunch and dinner as specific program
Entrance fee to visitor attractions
Transportation & Tour sightseeing
English speaking Tour director
Daily Mineral water per day per person
Transfer by private LDC ( Long Distance Coach )
Porter age : 1 Suitcase per person for hotel in / out

Beverages  and Laundry service and Personal insurance and personal uses
Any Optional Tours
Travels Insurance
Flight over weight
Tipping
Nature of other personal uses

 

လေယာဉ်လက်မှတ်နှင့်ပါတ်သက်သော သတင်းအချက်အလက်

  • Promotion ရှိ ပါ က ရန်ကုန် - ဘန်ကောက် - လန်ဒန် အသွား/အပြန်ဈေးနှုန်းသည် ( ၉၈၀ ) USD ၀န်းကျင်ရှိပြီး၊
  • ပုံမှန်ဈေးဖြင့် ၀ယ်ယူရမည်ဆိုပါက ( ၁၃၈၀ USD မှ ၁၅၈၀ USD ) ၀န်းကျင်ရှိပါသည်။
  • အထက်ဖေါ်ပြပါဈေးနှုန်းများတွင် လေယာဉ်လက်မှတ်ဈေးသည် ( ၁၄၈၀ ) USD ပေါင်းထဲ့ ထားသောဈေးနှုန်းဖြစ် ပါသည်။
  •  ပုံမှန်အားဖြင့် အင်္ဂလန်ခရီးစဉ်များသည် ဗီဇာရသည့် အချိန်မှ လူဦးရေ အတိအကျသိရှိနိုင်ပါသောကြောင့် ထိုအချိန် တွင်ရှိသော လူဦးရေ ပေါ်မူတည်ပြီး ခရီးစဉ်ဈေးနှုန်းအပြောင်းအလဲရှိနီုင်သလို၊ ထိုအချိန်လေယာဉ်လက်မှတ် ဈေးနှုန်း သည် Promotion ဖြင့်ရပါကလည်း၊ ခရီးစဉ်၏ဈေးနှုန်းသည်လည်း အပြောင်းအလဲဖြစ်နိုင်သည်ကို ခရီးသည်များမှသိရှိနိုင်ပါရန်။
  • အင်္ဂလန်ဗီဇာအတွက် လူကြီးမင်းတို့ ၏ ဗီဇာလျှောက်ရာတွင် လိုအပ်သောစာရွက်စာတမ်းများအပြင် ၊ လိုအပ်သည့် အကြံပြုမှုများ ကိုလည်း GO & GO Travels ၏ အင်္ဂလန်နိုင်ငံကိုမကြာခဏသွားရောက်နေသော မန်းနေးဂျင်းဒါရိုက်တာမှကူညီ၊စီစစ်ပြီး၊ ဗီဇာ လျှောက်ပေးရာတွင် ကျွမ်းကျင်သော၊ အတွေ့ အကြုံများစွာရှိသော ၀န်ထမ်းများမှ လျှောက်ပေးမည်ဖြစ်ပါသည်။