Vietnam - Cambodia - Lao
Day 1   ရန်ကုန် - ဟနွိုင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညနေ ( ၁၉း၁၀ )တွင် ထွက်ခွာပါမည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ နွိုင်းဘေး လေဆိပ်သို့ ( ၂၁း၃၀ ) အချိန်တွင်ရောက်ရှိပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုနှုတ်ဆက်ပြီး တည်းခိုမည့် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်သို့ ပို့ဆောင် check in လုပ်ပေးပါမည်။ ဟနွိုင်းတွင် ညအိပ်ပါမည်။
Day 2     ဟနွိုင်း - Full Day City Tour ခရီးစဉ် ( နံနက်/ နေ့ လည်/ ညနေစာ )
နံနက်စာကိုဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ကြပြီးနောက်၊ ယနေ့ တွင်ဟနွိုင်းမြို့ တော်ခရီးစဉ်ကို စတင်လည်ပတ် ကြရာတွင်၊ ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံးတက္ကသိုလ် ( Temple of Literature ) ကိုလည်ပတ်လေ့လာပြီး၊ ဆက်လက် ပြီး၊ ဗီယက်နမ်ပြည်သူတို့၏အကြား ဦးလေးကြီးဟို ဟု ချစ်စနိုးအမည်တွင်နေ၍၊ သူတို့၏နှလုံးသားထဲတွင် အစဉ်စွဲမြဲနေ သော၊ အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း မသေဆုံးမီနောက်ဆုံးနေထိုင်ခဲ့သော (၁၉၈၈ မှ ၁၉၆၉)ခုနှစ်ထိ ခြေတံရှည် အိမ်လေးနှင့်သာယာကြည်နူးဖွယ်ကောင်းလှသည့်ရေကန်ငယ်နှင့် ၁၉၅၄ မှ ၁၉၅၈ ခုနှစ်ထိ ဟိုချီမင်းနေထိုင်သွားခဲ့သော တစ်ထပ်တိုက်လေးများတည်ရှိသည့် Hochimin Complexသို့လေ့လာလည် ပတ်ပါမည်။ ၎င်းင်းနောက် ဟိုချီမင်းပြတိုက်နှင့် အမှတ်တရနေရာများကိုဆက်လက်လေ့လာပါမည်။ ပြတိုက်အတွင်းခန်းမကြီးထဲ၌ ဟိုချီမင်းရုပ်ထုကြီးတည်ရှိ၍ ဗီယက်နမ် တော်လှန်ရေးသမိုင်းဖြစ်စဉ်များနှင့် ဟိုချီမင်း၏ စွမ်းဆောင်မှု့များကို စိတ်ဝင်စားဖွယ်တခမ်းတနား ပြသထားသည်များကို လေ့လာတွေ့ရှိရမှာဖြစ်ပါသည်။ ၎င်းင်းနောက် ဘုရား တစ်ဆူတွင် ဘုရား ၁၆ ဆူ ပေါင်းထားသောဘုရား (One Pillar Pagoda) နှင့် ဟနွိုင်းမြို့ ၏ ဗုဒ္ဓနှင့်အသဲနှလုံး၏ုတင်စားထားသည့် ( Tran Quoc Pagoda ) တို့ ကို လေ့လာ ဖူးမျှော်ပြီး နောက်၊ နေ့ လည်စာကှိုညေ စားသောက်ဆိုင်တွင် ဘူဖေးသုံးဆောင်ပါမည်။ မွှန်းလွှဲပိုင်းလည်ပတ်မှုအနေဖြင့်  ကျြနကာ သ် နအ့ညသူသါပ  ကို သွားရောက်လေ့လာကြပါမည်။ ပြီးနောက် Museum of Ethnology နှင့် အနီးတ၀ှိုက် ကိုလေ့လာ လည်ပတ် ဓါတ်ပုံရိုက်ပါမည်။ ၄င်းနောက် ကျောက်စိမ်းတောင်ဘုရားကျောင်းဟုနာမည်ကျော်လူသိများသော ဘောလ်ပင်ပုံစံမျှော်စဉ် ပုံသဏ္ဍန်ရှိသောNgoc Sonဘုရားကျောင်း၊ မှင်တိုင်၊ အနီရောင်ဆေးချယ်ထားသောံကခ ၀ါးတံတားများကို လေ့လာပြီး နောက်၊ ၃၆ လမ်းဟောင်းများကို လမ်းလျှောက် လည်ပတ်ခြင်း (Old Quarter) သို့ မဟုတ် Dong Xuan ဈေး တွင် ပျော်ပျော်ပါးပါးဈေးဝယ်ကြပါမည်။ ညနေစာကိုမသုံးဆောင်မီ၊ ရေထဲတွင်ကပြဖျော်သော၊ ဗီယက်နမ်နိုင်ငံ၏နာမည်ကျော် ရုပ်သေးပြပွဲများကိုကြည့်ရှု့ပါမည်။ ဟိုတယ်သို့ပြန်၍ အနားယူအိပ်စက်ပါမည်။
Day 3    ဟနွိုင်း - ဟာလောင်းပင်လယ်ကွေ့ (နံနက်/ နေ့လည်/ ညစာ)
နံနက်စာကိုသုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီး၊ ၁၉၉၄ နှစ်၊ UNESCO ၏ ကမ္ဘာ့အမွေအနှစ် ထိမ်းသိမ်းရေးစာရင်းသွင်းခံထားရသော၊ ဟာလောင်းမြို့သို့ထွက်ခွာပါမည်။ ဟာလောင်းမြို့သွားရာ လမ်းတလျှောက်တွင် အနီရောင်မြစ်ဝှမ်းကိုဖြတ်မောင်းရင်း၊ လမ်းဘေးဝဲယာ တဖက်တချက်တွင် စိမ်းလန်းသောစပါးခင်းများဖြင့် သာယာလှပ သောရှု့ခင်းကိုကြည့်ရှု့ရင်းလိုက်ပါနိုင်ပါသည်။ ဟာလောင်းမြို့ ကို သင်္ဘောဖြင့် ပျော်ရွှင် ဖွယ်ရာ ၄ နာရီကြာ လည်ပတ်ပြီး လည်ပတ်နေစဉ် ပင်လယ်စာ နေ့လည်စာကို သင်္ဘောပေါ်တွင် ဧည့်ခံကျွေးမွေး မည့်အစီအစဉ်ဖြစ် ပါသည်။ သင်္ဘောဖြင့် တံငါရွာ၊ ခွေးရုပ် ကျောက်တုံးတောင်၊ IIncence burner islet, Fighting cook islet, TheinCung grotto, Dau Go ဂူနှင့် DinhHuong များကိုလေ့လာလည်ပတ်ပြီးအပြန် နောက်ဆုံးံေူသညါ တ့ေူ် ကိုလည်ပတ်ပြီး ပျောရွှင်ဖွယ် ဗဟုသုတရဖွယ်သင်္ဘောခရီးစဉ်ကိုအဆုံးသတ်ပြီးနောက်၊ တည်းခိုမည့်ဟိုတယ်သို့ ထွက်ခွါပါမည်။ ဟိုတယ်ဝင်ရောက်ခွင့် လုပ်ပြီး၊ ခေတ္တနားနေပြီးနောက် ညနေစာသုံးဆောင်ပါမည်။ ဟာလောင်းတွင် ညအိပ်ပါမည်။
Day 4     ဟလောင်း - ဟနွိုင်း - ဆီရမ်ရိ by flight (နံနက်/ နေ့လည်/ ညစာ)
နံနက်စာကိုသုံးဆောင်ပြီးနောက်၊ ဟိုတယ်မှထွက်ခွါခွင့်လုပ်ကာ၊ ဟနွိုင်းမြို့ သို့ ပြန်လည်ထွက်ခွါပါမည်။ ဟနွိုင်းသို့  ရောက်လျှင်၊ နေ့ လည်စာသုံးဆောင်ကြပြီးနောက်၊ မိမိတို့ ဧည့်လမ်းညွှန်မှလေဆိပ်သို့ ပို့ ဆောင်ပေးပါမည်။ ဟနွိုင်းမှ တဆင့်၊ ကမ္ဘောဒီးယားနိုင်ငံ၏ထင်ရှာသောမြို့ ဖြစ်သည့်ဆီရမ်ရိ သို့ ထွက်ခွါပါမည်။ ဆီရမ်ရိမြို့ သို့ ရောက်လျှင် တည်းခို မည့်ဟိုတယ်သို့ပို့ ဆောင်ပေးပါမည်။ ဧည့်လမ်းညွှန်မှ ဃ့နခု-ငည ပြုလုပ်နေစဉ် မိမိတို့မှ ဟိုတယ်ဧည့်ခန်းမတွင် ခေတ္တနားနေနိုင်ပါသည်။ ပြီး နောက် ညနေစာသုံးဆောင်ရန် ဧည့်လမ်းညွှန်မှလိုက်လံပို့ ဆောင်ပေးပါမည်။ ညနေစာ ကိုသုံးဆောင်ပြီးနောက်၊ ဟိုတယ် သို့ ပြန်လည်ဝင်ရောက်ကာ၊ အနားယူအိပ်စက်ပါမည်။ ဆီရမ်ရိတွင်ညအိပ်ပါမည်။
Day 5     ဆီရမ်ရိ – အန်ကောဝပ်  (နံနက်/ နေ့လည်/ ညစာ)
ဟိုတယ်၏စားသောက်ခန်းမတွင၊် နံနက်စာသုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှလာရာက်ကြိုကာ၊ နံနက်ခင်းပိုင်း အနေဖြင့် Angkor လွင်ပြင်ကျယ်ပေါ်ရှိများပြားပြီး ကျော်ကြားလှသည့် ဘုရားများအား ကြည့်ရှု၊ ဖူးမျှော်ကြပါမည်။ ကျောင်းတော်၏ပရ၀ဏ်သည် Hectares ပေါင်း ၈၁ ခု ရှိပြီး ဘေကျင်းမြို့၏ တော်ဝင်နန်းတော်ဝင်းမျှရှိသည်။ ထူးခြား ပြီးမတူကွဲပြားသည့် မျှော်စင်ငါးခု၏ ပုံအား Cambodia  နိုင်ငံအလံတော်၌ ရိုက်နှိပ်ထားသည်ကိုလည်းသိရကာ၎င်းင်းတို့ မှာ ရှေးခမာလူမျိုးတို့၏ ဗိသုကာပညာရပ်ထွန်းကားပုံတို့အား သမိုင်းပညာရှင်းများမှ အသိအမှတ်ပြုထားသည့် ၁၂ရာစုနှစ်၏ ပြောင်မြောက်သည့်မူရင်းလက်ရာများဖြစ်သည်။  ကြည့်ရှုလှည့်လည်ပြီးပါက၊ နာမည်ကျော်ကြားလှသော၊ ကမ္ဘာအံ့ဖွယ် ၇ ခုထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် အန်ကောဝပ်ဘုရားကျောင်းသို့ ဆက်လက်လေ့လာလည်ပတ်ပါမည်။  နေ့လည်စာ အား ဒေသခံစားသောက်ဆိုင်၌သုံးဆောင်ကြပါမည်။ နေ့ခင်းပိုင်းတွင် ၁၂ ရာစုနှစ်Angor Thom ၏ရှေးဟောင်းမြို့ တော်သို့လည်ပတ်ကြည့်ရှု့ကြပါမည်။ တောင်ဘက်မုဒ်တွင် သမုဒရာကြီးအားမွှေလည့်တော့မည့်အလား ထုဆစ်ထားသည့် ကြီးမားသည့်ရုပ်ထုကြီး၊ ထူးခြားစွာ ၂၀၀ သော အပြုံးမျက်နှာ Avolokitesvara ရုပ်များဖြင့် တန်ဆာဆင်တည်ဆောက် ထားသည့် ၅၄ ခုသော နန်းမျှော်စင်များ၊ တော်ဝင်နန်းရိုး၊ ဆင်လှေကားထစ်များအားကြည့်ရှု့ပြီးနောက်၊ ညနေခင်း ဆည်းဆာနေ၀င်အလှကို၊ ဘိက်ဟန်းတောင်ကုန်းပေါ်တွင်တက်ရောက်ကြည့်ရှု ( Back Hill ) ညနေစာအား ဒေသခံ စားသောက် ဆိုင်တွင် Cambodian လူမျိုးတို့၏ Apsara ကပွဲအားကြည့်ရှု့ရင်းပျော်ရွှင်စွာသုံးဆောင်ကြပြီးနောက်၊ ဟိုတယ်သို့ ပြန်လည်ဝင်ရောက်အိပ်စက်အနားယူကြပါမည်။ ဆီရမ်ရိတွင်ညအိပ်ပါမည်။
Day 6     ဆီရမ်ရိ  - Tonle Sap (နံနက်/ နေ့လည်/ ညစာ)
ဟိုတယ်တွင် နံနက်စာကို သုံးဆောင်ပြီးနောက်၊ ဆီရမ်ရိ မှတောင်ဘက် ၁၂ ကီလိုမီတာအကွာတွင်ရှိသော၊ ဃောဘသိငေ နိုင်ငံ၏ထင်ရှာသော၊ အာရှတွင် ကြီးမားဆုံးသောကန်ကြီးဖြစ်သည့် Tonle Sapကန် ထဲတွင်ရှိသော Floating Villlageသို့ သွားရောက် လေ့လာလည်ပတ်ကြပါမည်။ ၄င်းခရီးစဉ်မှအပြန်တွင် ဆီရမ်ရိမြို့ ထဲရှိ  Artisans Dangkor ပန်းပု ကျောင်း သို့  ဆက်လက်သွားရောက်လည်ပတ်ပြီးနောက်၊ နေ့ လည်စာ ကိုသုံးဆောင်ပါမည်။ မွှန်းလွှဲပိုင်းလည်ပတ်မှု အနေဖြင့်၊ ခမာရိုးရာကျေးရွာသို့ သွားရောက်လည်ပတ်ကြပါမည်။ ညနေစာသုံးဆောင်ပြီးနောက်၊ ဟိုတယ်သို့ ပြန်လည်ဝင် ရောက်အိပ်စက်အနားယူပါမည်။
Day 7    ဆီရမ်ရိ – လောင်ဖရာပန် ( လာအို ) by flight (နံနက်/- /ညစာ)
ဟိုတယ်တွင် နံနက်စာကို သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကာ ဟိုတယ်ထွက်ခွာခွင့်လုပ်ပေးပြီးနောက်၊ လေဆိပ်သို့ ပို့ ဆောင်နှုတ်ဆက်ပါမည်။ ဆီရမ်ရိလေဆိပ်မှ လာအိုနိုင်ငံ၊ လောင်ဖရာပန်မြို့ (ူLuang Prabang) သို့  ထွက်ခွာပါမည်။ လောင်ဖရာပန်လေဆိပ်သို့ ရောက်လျှင်၊ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုပြီး၊ တည်းခိုမည့်ဟိုတယ်သို့ ထွက်ခွါပါမည်။ ဟိုတယ်သို့ ရောက်လျှင်၊ ဧည့်လမ်းညွှန်မှ Check-in ပြုလုပ်နေစဉ် မိမိတို့ မှ ဟိုတယ်ဧည့်ခန်းမတွင် ခေတ္တနားနေနိုင်ပါသည်။ ပြီးနောက်ညနေစာသုံးဆောင်ရန် ဧည့်လမ်းညွှန်မှပို့ ဆောင်ပေးပါမည်။ ညနေစာကိုသုံးဆောင် ပြီးနောက်၊ ဟိုတယ်သို့ ပြန်လည်ဝင်ရောက်ကာ၊ ဧည့်လမ်းညွှန်မှ နောက်တနေ့ အစီအစဉ်များကိုပြောပြီး၊ အနားယူအိပ် စက်ပါမည်။
Day 8    လောင်ဖရာပန် – Pak Ou Cave (နံနက်/ နေ့ လည်/ ညစာ)
ယနေ့ နံနက်စောစောတွင် လာအိုနိုင်တံ၏ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော၊ ဖုန်းတော်ကြီးများ၏ နံနက်တိုင်း စုပေါင်း၍ ညီညာစွာရွတ်ဖတ်ပူဇော်ဘုရားရှစ်ခိုးသည့် သစ္စာတရားပြသောအိမ်ကိုသွားရောက်လေ့လာပြီး၊ လာအိုဖုန်းတော်ကြီးများကို ကြည်ညိုနိုင်ရန်ပို့ ဆောင်ပေးပါမည်။ လာအိုနံနက်ဈေးကိုလည်ပတ်ကြပြီးနောက်၊  ဟိုတယ်သို့ ပြန်ကာနံနက် စာသုံး ဆောင်ပြီး၊ ခရီးစဉ်တွင်လည်ပတ်မည့် နေများများကို စတင်လည်ပတ်ကြရာတွင်၊ ပထမဦးစွာ တော်ဝင်နန်းတော်ပြတိုက်ကို လည်ပတ်လေ့လြာ့ပီး၊ သင်္ဘောဖြင့်မဲခေါင်မြစ်တလျှောက် လှပသောရှုခင်းများကိုလည်ပတ်ကြည့်ရှုပြီး၊ Pak Ou ဂူကို ၀င်ရောက်လေ့လာပါမည်။ သင်္ဘောဖြင့်လည်ပတ်နေစဉ်တလျှောက် ဖြစ်ရိုရှိ လာအို ဆန် နှင့် ၀ိုင် စိုက်ပျိုးထုတ်လုပ်သော Ban Xanghai ရွာကိုပါဝင်ရောက်လေ့လာရန် ခေတ္တရပ်နားပေးပါမည်။ ပြီးနောက် မြို့ ထဲသို့ ပြန်ဝင်ရောက်ပြီး၊ Ban Xanghai နှင့် လာအိုရိုးရာ၊ ယဉ်ကျေးမှုအနုပညာစန်တာနှင့်ရွှေချည်ထိုး သင်တန်းကျောင်းကိုသွား ရောက်လေ့လာပြီး၊ အမှတ်တရပစ္စည်းများကိုဝယ်ယူနိုင်ပါသည်။  ပြီးနောက် အင်မတန်အေးချမ်းလှသောနေရာတစ်ခုဖြစ်သည့် WatSiphouthabaht ကိုလည်ပတ်ပြီးနောက်၊ နာမည်ကျော် Night Market ကို သွာေးရာက်ကာပျော်ပျော်ပါးပါးဈေးဝယ်ကြပါ မည်။ လောင်ဖရာပန်တွင်ညအိပ်ပါမည်။
Day 9     လောင်ဖရာပန် –  ဟနွိုင်း by flight (နံနက်^ - ^ ညနေစာ)
ဟိုတယ်တွင် နံနက်စာကို သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကာ ဟိုတယ်ထွက်ခွါခွင့်လုပ်ပေးပြီးနောက်၊ လှေခါးထစ်ပေါင်း ၃၂၉ ထစ်ရှိသော ဏ့သကျင တောင်ကုန် ကို သွားရောက်လည်ပတ်ကြပါမည်။ ထိုတောင်ကုန်ပေါ်မှ နေ၍ လောင်ဖရာပန်မြို့ နှင့် မဲခေါင်မြစ်တို့ ၏ ရင်သပ်ရှုမောဖွယ်အလှများကိုမြင်တွေ့ ရမှာဖြစ်သောကြောင့်၊ ထိုအခွင့်အရေးကိုလက်လွတ်မခံစေရန်၊ မိမိတို့ ဧည့်လမ်းညွှန်မှပို့ ဆောင်ပေးခြင်းဖြစ်ပါသည်။ ဆက်လက်ပြီး၊ ဘုရင် ၀စ်စူနာရတ် က ၁၅၁၃ ခုနှစ်တွင်တည်ထားသော၊ ရှေးအကျဆုံးဘုရားကျောင်းဖြစ်သည့် WatVisoun  ကို သွားရောက်   
ဟိုတယ်တွင် နံနက်စာကို သုံးဆောင်ပြီးနောက်၊ လွတ်လပ်စွာနေနိုင်ပါသည်။ နေ့ လည် ၁၁း၃၀ တွင်၊ ဧည့်လမ်းညွှန်မှ လာရောက်ကာ၊  ဟိုတယ်ထွက်ခွါခွင့်လုပ်ပေးပြီးနောက်၊ နေ့ လည်စာသုံးဆောင်ကြပါမည်။ ပြီးနောက်လေဆိပ်သို့ ပို့  ဆောင်နှုတ်ဆက်ပါမည်။
----------------- End Of Service ----------------
Tour Class [C]
Tour price in USD net per person in group of
Surcharge if require
Hotel Categories
10-15 pax
16 pax
Single
Meals
3*
1710
1680
131
Specific Program
အထက်ပါဈေးနှုန်းများတွင်
•   5 ways အပြည်ပြည်ဆိုင်ရာ အသွား ^ အပြန်လေယာဉ်လက်မှတ် နှင့် လေယာဉ်ကွင်းအခွန်
( ရန်ကုန်-ဟနွိုင်း - ဆီရမ်ရိ - လောင်ဖရာပန်- ဟနွိုင်း - ရန်ကုန် )                                     
•    ကြယ်သုံးပွင့်အဆင့်ရှိဟိုတယ် ၂ယောက်အိပ်ခန်း
•    အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
•    ခရီးစဉ်တလျှောက်ကားအကြို / အပို့များ နှင့် ခရီးစဉ်တွင်ဖေါ်ပြထားသောလည်ပတ်မှုအစီအစဉ်များ
•    ခရီးစဉ်တွင်ဖေါ်ပြထားသော နေ့လည်စာ နှင့် ညနေစာများ
•    ရေသန့်ဘူး နှင့် တာဝါ ပါဝင်ပါသည်။
•    ၀င်ကြေးများ
အထက်ပါဈေးနှုန်းများတွင်မပါဝင်သည့်အချက်များ
•    အချိုရည်များ နှင့် ယမကာများ  
•    အ၀တ်လျှော်ခများ နှင့် ကိုယ်ပိုင်အသုံးစရိတ်များ
•    ခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစရိတ်များ၊ လေယာဉ် အပိုလေးချိန်များ
•    မိမိကိုယ်ပိုင်ပစ္စည်း သယ်ဆောင်ခများ
•   Tipping for guide and driver
At Present Time,  MAI don’t fly to these cities.