ရန်ကုန် - ဟိုချီမင်းစီးတီး ( ဆိုင်ဂုံ ) – ဒါနန်း - ဘာနာဟေးလ် - ဟွေအန်း- ဟနွိုင်း - ဟာလောင်းဘေး

ရန်ကုန် - ဟိုချီမင်းစီးတီး ( ဆိုင်ဂုံ ) – ဒါနန်း - ဘာနာဟေးလ် - ဟွေအန်း- ဟနွိုင်း - ဟာလောင်းဘေး ( ၆ ရက် / ၅ ည ) ခရီးစဉ်

ပထမနေ့ - ရန်ကုန် - ဆိုင်ဂုံ - ဒါနမ်း ( ညနေစာ )
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဆိုင်ဂုံမြို့ ရှိ၊ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  Viet Jet Air line ( သို့ ) Vietnam Air Line ဖြင့် ထွက်ခွါပါမည်။ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်သောအခါ၊ တဆက်တည်း ပြည်တွင်းလေဆိပ်သို့ ပြန်လည် Check In ပြုလုပ်ပြီး၊ ဗီယက်နမ်နိုင်ငံ၊ အလယ်ပိုင်းရဲ့  မြို့ တော်ကြီးဖြစ်သော ဒါနမ်းသို့ ပျံသန်းထွက်ခွါပါမည်။ ဒါနန်းလေဆိပ်တွင်၊ မိမိတို့ ဧည့် လမ်းညွှန်မှလာရောက်ကြိုဆိုပြီး၊ ညစာကို ဗီယက်နမ် စားသောက်ဆိုင်တွင် တည်ခင်းဧည့် ခံပြီးနောက်၊ တည်းခိုမည့်ဟိုတယ်သို့ လိုက်လံပို့ ဆောင်ကာ၊ ဟိုတယ် Check In ပြုလုပ်ပေးပါမည်။ ဒါနမ်းတွင်အိပ်စက်အနားယူပါမည်။

   
ဒုတိယနေ့ - ဆိုင်ဂုံ - ဆုချီ - ဖန်သက်ကမ်းခြေ ( Mui Ne Beach ) ( နံနက်/နေ့ လည်/ညနေစာ )
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ၊ ဥရောပနိုင်ငံ၏ တောင်ပေါ်မြို့ လေးအလားထင်သွားစေနိုင်ပြီး၊ ရဲတိုက်ကြီးများရှိသော ဘာနာတောင်ကုန်းသို့  လည်ပတ်ရန်ထွက်ခွါပါမည်။ Bana Hill base camp သို့ ရောက်လျှင်၊ အာရှရဲ့  အရှည်ဆုံးသော ကေဘယ်လ်ကားကိုစီးပြီး၊ ဘာနာတောင်ကုန်းပေါ်သို့  တက်ရောက်ကြပါမည်။ bana Hill ပေါ်သို့ ရောက်လျှင် ပြင်သစ်လက်ရာရှေးဟောင်းဗီလာ ( Old French Villas en route )၊ Suspension bridge, Nui Chua နှင့် ၁၄၈၇ ကီလိုမီတာအမြင့်ရှိတောင်ထိပ်၊ Vong Nguyet Villa တို့ ကိုလည်ပတ်ကြပြီးနောက် Linh Ung ဘုရား၊ Sakyamuni Buddha’s Monument နှင့် Play game at Ba Na by night တို့ ကို လည်ပတ်ကြပြီး၊ နေ့ လည် စာ သုံးဆောင်ပါမည်။ ပြီးနောက် ဟွာအန် သို့ ထွက်ခွါပါမည်။ ဟွာအန်ထွက်ခွါရာလမ်းတွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၉၃ မှာရှိသော စွန်တရာ ( သို့  ) မြောက်တောင် ပေါ်သို့ တက်ကာ ပင်လယ်ကြီးကိုငေးမောကြည့်ရှုကြပြီး၊ တောင်ပေါ် တွင်ရှိသော Linh Ung Pagoda ကို ဖူးမျှော်ကြပြီးနောက်၊ ထင်ရှားကျော်ကြားပြီးအင်မတန်စွဲဆောင်မှု့  ရှိသော ကမ်းခြေများ တွင် တစ်ခုအပါအ၀င်ဖြစ်သည့်၊ သဲဖြူဖြူလေးများနှင့် လှပတင့်တယ်နေသော  My Khe Beach ကို လည်ပတ်ပါမည်။ ပြီးနောက် ဟွေအန်းကိုဆက်လက်ထွက်ခွါပါမည်။ ဟွေအန်းသို့ ရောက်လျှင်  ညနေစာကိုသုံးဆောင်ပြီး၊ တည်းခိုမည့်ဟိုတယ်သို့ ဝင်ရောက် ကာ ဟိုတယ် Check In ပြုလုပ်ပြီးနောက်၊ ညဘက် မီးပုံးလေးတွေအများကြီးနှင့် လှပသော ဟွေအန်းမြို့ ၏ရှေးဟောင်းဆန် သော ညရှုခင်း ကိုလည်ပတ်ကြပြီးနောက်၊ အိပ်စက် အနား

 

တတိယနေ့ -   ဟွေအန်း - ဒါနမ်း - ဟနွိုင်း လေယာဉ်ဖြင့် ( နံနက်/နေ့ လည်/ညနေစာ )
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ၊ ချစ်စရာကောင်းသော၊ အံ့သြစရာကောင်းသော၊ တရုတ်၊ ဂျပန်၊ ဥရောပ အငွေ့အသက်များဖုံးလွှမ်းထားသော၊ ဟွေအန်းမြို့ လေးကို နေ့ တစ်ဝက် ခန့် လမ်းလျှောက်ပြီး ဈေးဝယ်၊ လည်ပတ်ကြပါမည်။ ပြီးနောက် နေ့ လည်စာသုံးဆောင်ပါမည်။ မွှန်းလွှဲပိုင်းတွင် ဒါနန်းမြို့ သို့  ပြန်လည်ထွက်ကာ၊ ဒါနန်းရောက်လျှင် တဆက်တည်း ဒါနန်းလေဆိပ်ကို မောင်းနှင်ပြီး၊ ဒါနန်းလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသောမြို့ ဖြစ်သည့် ဟနွိုင်းမြို့ ကိုပျံသန်းထွက်ခွါပါမည်။ ဟနွိုင်းလေဆိပ်တွင် မိမိတို့ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို ကာ ညနေစာ ကိုသုံးဆောင်ကြပါမည်။ ပြီးနောက် ဟိုတယ်သို့ ထွက်ခွါကာ အိပ်စက်အနားယူပါမည်။ ဟနွိုင်းတွင် ညအိပ်ပါမည်။

 

စတုတ္ထနေ့ -   ဟနွိုင်း - ဟလောင်းပင်လယ်အော်  ( နံနက်/နေ့ လည်/ညနေစာ )

နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ၊ အာရှ၏ ဟာဝိုင်ယီ ဟု တင်စားလောက်သည့် ယူနက်စကို၏ ကမ္ဘာထိမ်းသိမ်းရေးအမွေအနှစ်စာရင်းဝင်သည့်  သဘာဝအလှတရားတွေပြည့်နှက်နေ သော ဟလောင်းပင်လယ်အော် ကို လည်ပတ်လေ့လာရန်ထွက်ခွါပါမည်။ ဟလောင်းသို့  မရောက်ခင် သွားရာလမ်းရှိ တွင်  Dong Trieu အိုးလုပ်သည့် လုပ်ငန်း နှင့် Ceramic ရွာ တွင် ခေတ္တခဏရပ် ကာ လေ့လာလည်ပတ်ဈေးဝယ်ကြပါမည်။ ပြီးနောက် ဟလောင်းဆိပ်ကမ်း သို့ ဆက်လက်ထွက်ခွါကာ ၁၂း၃၀ တွင် သဘောင်္ပေါ်သို့ တက်ရောက်ကာ ဧည့်လမ်းညွှန်မှ Check In လုပ်နေစဉ် Welcome Drink Cocktail ကို သုံးဆောင်ကြပါမည်။ ၁၃း၁၅ တွင် သင်္ဘောပေါ် နေ့ လည်စာဘူဖေးကိုသုံးဆောင် ကြစဉ် သဘောင်္မှ ဟလောင်းပင်လယ်အော်ကို စတင်ခုတ်မောင်းပါမည်။ ၁၄း၄၅ တွင် ဟလောင်းပင်လယ်အော်ရှိ သဘာဝ ပသာဒနေရာတစ်ခုဖြစ်ပြီး၊ ခရီးသွားများကိုစွဲဆောင်လှသည့် ( Tourist Attraction Side ) ဖြစ်သော၊ လှပလွန်းသည့်  Trang An ရှိ Superise Cave ကို လည်ပတ်လေ့လာပါမည်။ ၁၆း၀၀ တွင် Titop ကမ်းခြေတွင်ရပ်ကာ အနားယူ၊ အပမ်းဖြေ၊ မိမိစိတ် ကြိုက်ရေဆော့ကစားနိုင်ပါသည်။ ၁၇း၃၀ တွင် Drum Cave အနီးတွင်ရှိသော Ho Dong Tien area တွင် သဘောင်္ကိုရပ်ပါမည်။ ၁၉း၃၀ တွင် ညနေစာ ပင်လယ်စာကို hang fishing ရွာတွင် သုံးဆောင်ပါမည်။ ၂၁း၀၀ တွင် မိမိစိတ်ကြိုက် ဟလောင်းပင်လယ်အော်ည၇ှုခင်းကို လိုက်လံကြည့်ရှုခံစားနိုင်ပါသည်။ Overnight in Junk.

 

ပဉ္စမနေ့ -   ဟလောင်းပင်လယ်အော် - ဟနွိုင်း   ( နံနက်/နေ့ လည်/ညေ

နံနက်စာကို ၀၇း၀၀ - ၀၇း၃၀ တွင်သုံးဆောင်နေစဉ် သင်္ဘောမှ ခုတ်မောင်းနေသောကြောင့် ဟလောင်း၏ လှပသောနံနက်ရှုခင်း ကို မြင်တွေ့ ခံစားနိုင်ပါသည်။ ၇း၄၅ တွင် စားဖိုမှူးမှ အချက်အပြုတ်ကို သင်တန်းပေးသည်ကို ၀င်ရောက်လေ့လာပြုလုပ်နိုင်ပါ သည်။ ၀၈း၃၀ - ၀၉း၃၀ တွင် သဘောင်္မှ  Cua Van Fishing ရွာ နှင့် fishman’s Museum ကို ဖြတ်သန်းခုတ်မောင်းပါမည်။ ၁၀း၀၀  တွင် နေ့ လည်စာသုံးဆောင်ကြပါမည်။ ၁၁း၃၀ တွင် jetty သို့ ပြန်လည်ရောက်ရှိပြီး၊ ဟနွိုင်းသို့ ထွက်ခွါပါမည်။ ဟနွိုင်း သို့ ရောက်လျှင် ရှေးဟောင်းလမ်းတလျှောက်လည်ပတ်ဈေးဝယ်ကြပါမည်။ ညစာသုံးဆောင်ပြီး၊ ဟိုတယ်တွင်အိပ်စက် အနားယူ ပါမည်။

 

ဆဌမနေ့ -   ဟနွိုင်း - ရန်ကုန် ( နံနက်/နေ့ လည်/- ) ( VN 957 – 16:40 pm – 18:10 pm )

နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ကြပြီးနောက် ဟနွိုင်းမြို့ ကိုလည်ပတ်ရာတွင် Ba Dinh ရင်ပြင်၊ ဗီယက်နမ် နိုင်ငံ၏ ခေါင်းဆောင်ကြီး ဟိုချီမင်း၏ရုပ်ကလာပ်ထားရှိရာ  Ho Chi Minh Mausoleum၊ သမတနန်းတော်၊ House of Stilt၊ ရေကန်ထဲတွင် ဒီဇိုင်းဆန်းဆန်းပြုလုပ်ထားသော One Pillar Pagoda၊ ဗီယက်နမ် နိုင်ငံ၏ ပထမဦးဆုံးသော တက္ကသိုလ်ဖြစ်ခဲ့ သော Temple of Literature၊ ngoc Son Temple၊ ဟနွိုင်းမြို့ ၏ကျက်သရေဆောင် စိမ်းစိုသာယာလှပသော Hoan Kiem Lake၊ ရှေးအကျဆုံးဘုရား Tran Quoc Pagoda၊ West Lake တို့ ကို လည်ပတ်လေ့လာကြပြီးနောက် နေ့ လည်စာသုံးဆောင် ပါမည်။ ပြီးနောက် မိမိတို့ ဧည်လမ်းညွှန်မှ Noi Bai လေဆိပ်သို့ ပို့ ဆောင်ပေးပါမည်။

 

QUOTATION IN USD/PAX ( လူကြီးတစ်ဦးချင်းစီ၏ဈေးနှုန်းများ ) April 2017

Hotel Cater glory

၃-၅

၆-၉

၁၀ ၁၅ ၂၀ ၂၅ ၃၀ S.Suplement

3 star

၆၈၅

၆၀၆

၄၉၀

၄၇၅ ၄၆၀ ၄၄၅ ၄၃၅ ၄၂၅ ၁၄၈

 

Includes quotation:

  • Twin sharing accommodation, Children is shared with their parents with daily breakfast
  • Private Coach with airconditioner
  • Meals as itinerary / Entrance fee
  • Daily minéral water is 02botle /pax/day
  • English speaking Guide. / Cool tower
  • Cable Car ticket
  • Cruise for Halong bay and overnight in Cruise
  • Mineral water
  • Tourist insurance

 

Excluded quotation:

  • International and domestic flight ticket
  • Laundry / Personal expense
  • Jeep car at white sand dune
  • Tip for Guide and Driver is 2usd/pax/day