ရန်ကုန် - ဟိုချီမင်းစီးတီး ( ဆိုင်ဂုံ ) – ဒါနန်း - ဟွေအန်း - ဘာနာဟေးလ် - ရန်ကုန်

ရန်ကုန် - ဟိုချီမင်းစီးတီး ( ဆိုင်ဂုံ ) – ဒါနန်း - ဟွေအန်း - ဘာနာဟေးလ် - ရန်ကုန် ( ၅ ရက် / ၄ ည ) ခရီးစဉ်

ပထမနေ့ - ရန်ကုန် - ဆိုင်ဂုံ - ဒါနမ်း ( ညနေစာ )
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဆိုင်ဂုံမြို့ ရှိ၊ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  Viet Jet Air line ( သို့ ) Vietnam Air Line ဖြင့် ထွက်ခွါပါမည်။ Tan Son Nhat အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ရောက်သောအခါ၊ တဆက်တည်း ပြည်တွင်းလေဆိပ်သို့ ပြန်လည် Check In ပြုလုပ်ပြီး၊ ဗီယက်နမ်နိုင်ငံ၊ အလယ်ပိုင်းရဲ့  မြို့ တော်ကြီးဖြစ်သော ဒါနမ်းသို့ ပျံသန်းထွက်ခွါပါမည်။ ဒါနန်းလေဆိပ်တွင်၊ မိမိတို့ ဧည့် လမ်းညွှန်မှလာရောက်ကြိုဆိုပြီး၊ ညစာကို ဗီယက်နမ် စားသောက်ဆိုင်တွင် တည်ခင်းဧည့် ခံပြီးနောက်၊ တည်းခိုမည့်ဟိုတယ်သို့ လိုက်လံပို့ ဆောင်ကာ၊ ဟိုတယ် Check In ပြုလုပ်ပေးပါမည်။ ဒါနမ်းတွင်အိပ်စက်အနားယူပါမည်။

   

ဒုတိယနေ့ - ဒါနမ်း - ဘာနာဟေးလ် - ဒါနမ်း ( နံနက်/နေ့ လည်/ညနေစာ )
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ၊ ဥရောပနိုင်ငံ၏ တောင်ပေါ်မြို့ လေးအလားထင်သွားစေနိုင်ပြီး၊ ရဲတိုက်ကြီးများရှိသော ဘာနာတောင်ကုန်းသို့  လည်ပတ်ရန်ထွက်ခွါပါမည်။ Bana Hill base camp သို့ ရောက်လျှင်၊ အာရှရဲ့  အရှည်ဆုံးသော ကေဘယ်လ်ကားကိုစီးပြီး၊ ဘာနာတောင်ကုန်းပေါ်သို့  တက်ရောက်ကြပါမည်။ Bana Hill ပေါ်သို့ ရောက်လျှင် ပြင်သစ်လက်ရာရှေးဟောင်းဗီလာ ( Old French Villas en route) Suspension bridge, Nui Chua နှင့် ၁၄၈၇ ကီလိုမီတာအမြင့်ရှိတောင်ထိပ်၊ Vong Nguyet Villa တို့ ကိုလည်ပတ်ကြ ပြီးနောက် Linh Ung ဘုရား၊ Sakyamuni Buddha’s Monument နှင့် Play game at Ba Na by night တို့ ကို လည်ပတ်ကြပြီး၊ နေ့ လည် စာ သုံးဆောင်ပါမည်။ ပြီးနောက် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၆၉၃ မှာရှိသော စွန်တရာ ( သို့  ) မြောက်တောင် ပေါ်သို့ တက်ကာ ပင်လယ်ကြီးကိုငေးမောကြည့်ရှုကြပြီး၊ တောင်ပေါ် တွင်ရှိသော Linh Ung Pagoda ကို ဖူးမျှော်ကြပြီးနောက်၊ ထင်ရှားကျော်ကြားပြီးအင်မတန်စွဲဆောင်မှု့  ရှိသော ကမ်းခြေများ တွင် တစ်ခုအပါ အ၀င်ဖြစ်သည့်၊ သဲဖြူဖြူလေးများနှင့် လှပတင့်တယ်နေသော My Khe Beach ကို လည်ပတ်ပါမည်။ ညနေစာကို သုံးဆောင် ပြီး၊ ဒါနမ်းသို့ ပြန်လည်ထွက်ခွါကာ၊ ဟိုတယ်သို့ ဝင်ရောက်ပြီး အိပ်စက် အနားယူပါမည်။ ဒါနမ်းတွင်ညအိပ်ပါမည်။

 

တတိယနေ့ - ဒါနမ်း - ဟွေအန်းမြို့ ဟောင်း - ဒါနမ်း ( နံနက်/နေ့ လည်/ညနေစာ
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ၊ ချစ်စရာကောင်း သော၊ အံ့သြစရာကောင်းသော၊ တရုတ်၊ ဂျပန်၊ ဥရောပ အငွေ့အသက်များဖုံးလွှမ်းထားသော၊ မီးပုံးလေးများနှင့် လှပသော ရှေးဟောင်း ဟွေအန်းမြို့  လေးကို သွားရောက်လည်ပတ်ကြပါမည်။ လမ်းတွင် မာဘယ်လ်တောင်၊ ( Marble Mountain ) ၀င်ရောက်လေ့လာလည်ပတ်ကြပါမည်။ Non Nuoc Carving Stone Village သို့ ဆက်လက်ထွက်ခွါကာ နေ့ လည်စာ ကိုသုံးဆောင်ပါမည်။ ပြီးနောက် ဟွေအန်း မှ ဒါနမ်းသို့ ပြန်လည်ထွက်ခွါကာ Cham Museum ကိုဝင်ရောက်လေ့လာပြီး၊ han market တွင် ဈေးဝယ်ရန်အချိန်ပေးမည်ဖြစ်သောကြောင့် ပျော်ပျော်ပါးပါးဈေးဝယ်ကြပါမည်။ ညနေစာသုံးဆောင်ပြီးနောက်၊ ဟိုတယ်သို့ ပြန်လည်ဝင်ရောက်အိပ်စက်အနားယူပါမည်။

 

စတုတ္ထနေ့ - ဒါနမ်း - ဆိုင်ဂုံ လေယာဉ်ဖြင့် ( နံနက်/နေ့ လည်/ညနေ )
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှလာရောက်ကြိုဆိုကာ၊ ဒါနမ်းပြည်တွင်း လေဆိပ်သို့ လိုက်လံပို့ ဆောင်ပေးပါမည်။ ဒါနမ်းလေဆိပ်မှ ဆိုင်ဂုံ(ဟိုချီမင့်စီတီး)သို့ ပျံသန်းထွက်ခွါပါမည်။ လေဆိပ်ရောက် လျှင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး၊ ဟိုချီမင့်မြို့  City Tour ကို လည်ပတ်ရာတွင် Notre Dame ဘုရားကျောင်း၊ Central Post Office တို့ ကို လေ့လာလည်ပတ်ပြီးနောက်၊ နေ့ လည်စာကိုသုံးဆောင်ပါမည်။ နေ့ လည်ပိုင်းလည်ပတ်မှု အနေဖြင့် Reunification Palace ( သမတနန်းတော် )၊ War Museum၊ တရုတ်တန်း တို့ ကိုလည်ပတ်ကြပြီးနောက် Ben Thanh ဈေးတွင် ဈေးဝယ်ကြပါမည်။ ညနေစာသုံးဆောင်ပြီး၊ ဟိုတယ်သို့  သွားရောက်ကာ Check In လုပ်ပြီးအိပ်စက် အနားယူပါမည်။ ဆိုင်ဂုံတွင်ညအိပ်ပါမည်။

 

ပဉ္စမနေ့ - ဆိုင်ဂုံ - ရန်ကုန် ( နံနက်စာ )
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကာ ဟိုတယ် Check out လုပ် ပြီး၊ လေဆိပ်သို့ ပို့ ဆောင်နှုတ်ဆက်ပါမည်။

 

QUOTATION IN USD/PAX ( လူကြီးတစ်ဦးချင်းစီ၏ဈေးနှုန်းများ ) April 2017

Hotel Cater glory

၃-၅

၆-၉

၁၀ ၁၀+၁ ၁၅+၁ ၂၀+၁ ၂၅+၁ ၃၀+၁ S.Suplement

3 star

၅၈၀

၄၈၀

၄၃၀

၃၈၅ ၄၃၂ ၃၈၆ ၃၆၀ ၃၅၀ ၃၂၀ ၁၄၈

 

Includes quotation:

  • Twin sharing accommodation, Children is shared with their parents with daily breakfast
  • Private Coach with airconditioner
  • Meals as itinerary / Entrance fee
  • Daily minéral water is 02botle /pax/day
  • English speaking Guide. / Cool tower
  • Cable Car ticket
  • Cruise for Halong bay and overnight in Cruise
  • Mineral water
  • Tourist insurance
  • ခရမ်းရောင် ချယ်ထားသော ဇယားကွက်ရှိဈေးနှုန်းများသည် ခရီးစဉ်အစမှအဆုံးထိ မြန်မာတိုးလီဒါ လိုက်ပါမည့် ဈေးနှုန်းများဖြစ်ပါသည်။

 

Excluded quotation:

  • International and domestic flight ticket
  • Laundry / Personal expense
  • Jeep car at white sand dune
  • Tip for Guide and Driver is 2usd/pax/day