ရန်ကုန်-ဟိုချီမင်းစီးတီး (ဆိုင်ဂုံ)- ဖန်သက် (မွေနေကမ်းခြေ)

ရန်ကုန် - ဟိုချီမင်းစီးတီး ( ဆိုင်ဂုံ ) - ဖန်သက် ( မွေနေကမ်းခြေ ) ( ၄ ရက် / ၃ ည ) ခရီးစဉ်

ပထမနေ့ - ရန်ကုန် - ဆိုင်ဂုံ
Tan Son Nhat အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧည့် လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်သို့ ပို့ဆောင် ပေးပါမည်။ ညစာကို ဗီယက်နမ် စားသောက်ဆိုင်တွင် တည်ခင်းဧည့် ခံပြီး ဟိုတယ်တွင် အိပ်စက် အနားယူ ပါမည် ။

   
ဒုတိယနေ့ - ဆိုင်ဂုံ - ဆုချီ - ဖန်သက်ကမ်းခြေ ( Mui Ne Beach ) ( နံနက်/နေ့ လည်/ညနေစာ )
နံနက်စာ Buffet ကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက် CU CHI TUNNELS ဆုချီ လှိုဏ်ဂူသို့ သွားရာက် လည်ပတ် ကြမည်ဖြစ်သည်။ ဆုချီလှိုဏ်ဂူသည် ဆိုင်ဂုံ ဧ။် အနောက်မြောက် အရပ်ရှိ ဆုချီ ပြည်နယ်တွင် အမေရိကန်နှင့် ဗီယက်နမ် စစ်ပွဲကာလက တူးဖော်ထားသော လှိုဏ်ဂူဖြစ်သည်။ အံ့သြဘွယ်ရာ မြေအောက် ကွန်ယက်လှိဏ်ဂူမှာ အရှည် 200 ကီလိုမီတာ ရှည်လျားပြီး စစ်ပွဲကာလ အတွင်း Viet Cong (VC) တို့ ဧ။် အလွန်အရေးပါ အသုံးဝင် လှသော လှိုဏ်ဂူဖြစ်သည်။ ထိုအခါက လှိုဏ်ဂူအတွင်းတွင် တပ်စခန်းရုံး ၊ ဆေးရုံ ၊ စစ်သည်တို့  နားခိုရာ နေရာ ၊ လက်နက်စက်ရုံတို့ ကို ဆက်သွယ် ထားသည်။ ယခုအခါ ခရီးသွားဧည့်  သည် အများအပြား က Viet Cong တို့ ဧ။် စစ်ကာလ နေ့ စဉ်သိုသိပ် စွာလှူပ်ရှား ၀င်ထွက်သွားလာပုံကို စိတ်ဝင်စားဖွယ်ရာ လေ့လာနိုင်မည် ဖြစ်ပါသည်။ ထို့ နောက် နေ့ လည်စာဖြင့် တည်ခင်း ဧည့် ခံပြီး Phan Thiet ဖန်သက် ကမ်းခြေ သို့ ဆက်လက် ထွက်ခွာပါမည်။ ဖန်သက် ကမ်းခြေဟိုတယ်သို့  လိုက်ပါပို့ ဆောင်ပြီး လွတ်လပ်စွာ အနားယူ နိုင်ပါပြီ ။ ညနေပိုင်းမှာ ရေကူးခြင်း ၊ လွတ်လပ်စွာ အနားယူခြင်းတို့ ဖြင့်  ကိုယ်ပိုင်အချိန် ကို Mui Ne Beach မွေနေ ကမ်းခြေတွင် အပြည့် အ၀ ပျော်ရွှင်စွာ ခံစားနိုင်ပါသည် ။ထို့ နောက် ညစာဖြင့် တည်ခင်း ဧည့် ခံပြီး ၊ Mui Ne Beach hotel မွေနေ ကမ်းခြေ ဟိုတယ်တွင် အိပ်စက် အနားယူပါမည် ။

 

တတိယနေ့  - ဖန်သက် ကမ်းခြေ - ဆိုင်ဂုံ ( နံနက်/နေ့ လည်/ညနေစာ )
နံနက်စာ Buffet ကို ဟိုတယ်တွင်သုံးဆောင်ပြီးနောက် နံနက်ပိုင်း : ဧည့်လမ်းညွှန် နှင့်အတူ Mui Ne- Phan Thiet အဆုံးအစ မရှိသော သဲဖြူကမ်းခြေ (မွေနေ - ဖန်သက် ကမ်းခြေ) ၊ ကမ္ဘာလှည့်  ခရီးသည်များကို ဆွဲဆောင်နိုင်သော တံငါရွာ ၊ သဲကန္တာရကဲ့ သို့ သော သဲသောင်ပို့ များ ၊ ရှားပါး ပန်းပင်များနှင့် ရှားပါးတိရိစ္ဆာန် များ ၊ ကြာကန်ဘေးမှာ လှပစွာ ရှိနေသော နာနတ်ပင်များ နှင့်  အံ့သြဖွယ်ရာ ရှူခင်း အမျိုးမျိုးကို ပျော်ရွှင်ဖွယ်ရာ ကောင်းသော မွေနေ ကမ်းခြေတွင် လည်ပတ် ကြည့် ရှု ကြပါမည်။ နေ့ လည်စာသုံးဆောင်ပြီးနောက် ဆိုင်ဂုံ သို့ ပြန်လည် ထွက်ခွာပါမည်။ ဆိုင်ဂုံသို့ ရောက်လျှင် မြို့ အနှံ လှည့်လည် ခြင်း၊ သီရန်ဟော ဘုရားTHIEN HAU PAGODA နှင့် ဘင့်သို ဈေး BINH TAY MARKET တို့ ကိုလည်း စည်ကားသော Chinatown တလျှောက်မှ သွားရောက် လည်ပတ်ကြပါမည် ။ထို့ နောက် ညစာဖြင့် တည်ခင်း ဧည့် ခံပြီး ၊ ဟိုတယ်တွင် အိပ်စက် အနားယူပါမည် ။

 

စတုထ္ထနေ့  - ဆိုင်ဂုံ - ရန်ကုန် ( နံနက်စာ )
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှလေဆိပ်သို့  ပို့ ဆောင်နှုတ်ဆက်ပါမည်။ ဆိုင်ဂုံမြို့ ကို နှူတ်ဆက်ထွက်ခွာပါမည် ။

 

QUOTATION IN USD/PAX ( လူကြီးတစ်ဦးချင်းစီ၏ဈေးနှုန်းများ ) ၃၁ ရက်၊ မတ်လဈေးနှုန်းများ

Hotel Cater glory

4-5

6-7

8-10

11-14 15-20 21-24 25-29 30-35 S.Suplement

3 star

500

480

460

450 440 420 410 400 48

 

Includes quotation:

  • International flight ticket by VietJet Air
    ( Note : Vietnam လေကြောင်းလိုင်းဖြင့်သွားလိုပါက ဈေးနှုန်းမတူသောကြောင့် ကျသင့်သည့်ပိုငွေကိုထပ်မံပေးရပါမည် )
  • Twin sharing accommodation, Children is shared with their parents with daily breakfast
  • Private Coach with airconditioner
  • Meals as itinerary / Entrance fee
  • Daily minéral water is 02botle /pax/day
  • English speaking Guide. / Cool tower

 

Excluded quotation:

  • Laundry / Personal expense ။ Jeep car at white sand dune
  • Tip for Guide and Driver is 2usd/pax/day
  • Travel insurance