Yangon-Bangkok

ရန်ကုန်-ဘန်ကောက် (၃ ရက် / ၂ ည)

Day 1  ရန်ကုန် - ဘန်ကောက် (နေလည် /ညနေစာ )( 08:00 am – 09:25 am )
ရန်ကုန်မြို့ မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ သို့  နံနက်ပိုင်းလေယာဉ်ဖြင့်ထွက်ခွါပါမည်။ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူံမိ လေဆိပ်(သို့ ) ဒွန်းမောင်းလေဆိပ်သို့  ဆိုက်ရောက်ပြီး လေဆိပ်တွင် မြန်မာစကား ပြန်မှ လှိုက်လှဲပျူငှာစွာ ကြိုဆိုပြီး၊ တဆက်တည်း တည်းခိုမည့်ဟိုတယ်သို့ ဝင်ရောက်ကာ ဟိုတယ် Check In လုပ်ပါမည်။ ပြီးနောက် ဘန်ကောက် City Tour ကို လည်ပတ်ရာတွင် ဆုတောင်းပြည့်သည်ဟုထင်းရှာသော လေးမျက်နှာ ဘိုဘိုးကြီး နတ်ကွန်းတွင် အမွှေးတိုင်၊ ဖယောင်းတိုင်း၊ ပန်း၊ ဆီမီးတို့ ဖြင့်လှူဒါန်းပူဇော်ကာ လိုရာဆု တောင်းနိုင်ပါသည်။ ပြီးနောက် ဖယောင်းပြတိုက် ကို လေ့လာလည်ပတ်ကြပြီး၊ Terminal 21 တွင် ပျော်ပျော်ပါးပါးဈေူး ၀ယ်လည် ပတ်ကြပါမည်။ ထို့ နောက် ဘန်ကောက်မြို့ ၏ ရင်ခုန်ကြည်နူးဖွယ်ရာ Night Life နှင့်အတူ ညစာအား Baiyoke Sky တွင် ဘူဖေးသုံးဆောင်ပြီး ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူပါမည်။ ဘန်ကောက်တွင် ညအိပ်ပါမည်။

   
Day 2  ဘန်ကောက် - Dream World (နံနက် /နေလည် /ညနေစာ )
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုကာ ကားဖြင့် Dream World သို့သွားရောက်လည်ပတ်ပါမည်။ နေ့ လည်စာကို Dream World ထဲရှိစားသောက်ခန်းမတွင် ဘူဖေးသုံးဆောင်ပါမည်။ Dream World ထဲတွင် ပျော်ပျော်ပါးပါး လည်ပတ်ဆော့ကစားပြီးနောက်၊ ညနေ ၄ နာရီတွင်၊ ဘန်ကောက်သို့ ပြန်လည်ထွက်ခွါပါမည်။ ပြီးနောက် MBK ( သို့  ) ပလက်တီနမ် Shopping Mall တွင်ဈေးဝယ်ကြပြီး၊ ညစာကို Shopping Mall ရှိ Food Cot တွင် သုံးဆောင်ပြီး၊ ဟိုတယ်သို့ ဝင်ရောက်ကာအိပ် စက်အနားယူပါမည်။

 

Day 3  ဘန်ကောက် - (နံနက်စာ )
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင်သုံးဆောင်ပြီးနောက်၊ ဧည့်လမ်းညွှန်မှ လာရာက်ကြိုဆိုကာ လေဆိပ် သို့  ပို့ ဆောင်ပေးပါမည်။

 

Tour cost : ( per person ) by USD

Hotel

10 Pax

15 Pax

Remark

Baiyork Boutique***  (or)  Metro Resort ***

320

300

With Baiyork Sky Dinner

PJ water Gate Hotel **(or) Bangkok City Inn**

299

285

Without Baiyork Sky Dinner

 

Includes

  • လေယာဉ်လက်မှတ် ( အသွား / အပြန် ) by NOK Air ( or ) Thai Lion
  • လေဆိပ် အကြို / အပို့ 
  • မြန်မာစကားပြောဧည့်လမ်းညွှန်
  • ဟိုတယ် ၂ ယောက်အိပ်အခန်း နှင့် နံနက်စာ ( ၂ ) ကြိမ်
  • နေ့ လည်စာ ၂ ကြိမ် နှင့် ညနေစာ ၂ ကြိမ်
  • ၀င်ကြေး
  • Private ကား

 

Not Includes

  • Beverages & laundry Service
  • Insurance
  • Extra time and extra lag
  • Optional tour
  • Nature of other personal uses