London -Paris -Spain -Portugal

လန်ဒန် - ပြင်သစ်- စပိန်- ပေါ်တူဂီ (၁၆ ရက် / ၁၅ ည) ခရီးစဉ်

 

ခရီးစဉ်အသေးစိတ်

 

Day(1): Yangon- London- Departure Day to London
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ (၀၉း ၅၀)အချိန်တွင်၊ ထိုင်းအဲဝေးလေယာဉ်ဖြင့် ထွက်ခွါပါမည်။ ထိုင်းနိုင်ငံ သုဝဏ္ဏဘုံမိလေဆိပ်သို့ နေ့လည် (၁၁း၄၅) တွင် ရောက်ပါမည်။ ၎င်းလေဆိပ်မှ (၁၂း၅၀) အချိန်တွင် ပြန်လည် ထွက်ခွါပါမည်။ လန်ဒန်မြို့သို့ ညနေ (၁၈း၅၅) တွင် ရောက်ပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို နှုတ်ဆက်ပြီး ဟိုတယ်သို့ ပို့ဆောင် Check in လုပ်ပေးမည် ဖြစ်ပါမည်။ လန်ဒန်မြို့တွင် ညအိပ်ပါမည်။
Hotel: lbis Hotel London Earls Court ***(or) Similar

 

Day(2) :London- Winsor- London (B/L/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ၊ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုကာ လန်ဒန်မြို့ ကို စတင် လည်ပတ်ရာတွင် ပထမဦးစွာ လန်ဒန်မြို့၏ အထင်ကရနေရာများဖြစ်သော Big Ben, Trafal Square, House of Parliament, Westminster Cathedral, Downing Street, White Hall, Buckingham နန်းတော် နှင့် လန်ဒန်တာဝါတို့ကို လည်ပတ် လေ့လာပြီးနောက် နေ့လည်စာကို သုံးဆောင်ပါမည်။ ပြီးနောက် မွန်းလွှဲပိုင်း လည်ပတ်မှုအဖြစ် ၀င်ဆာမြို့ရှိ ၊ ထင်ရှားသော ၀င်ဆာရဲတိုက် ကို သွားရောက်လည်ပတ်လေ့လာပြီးနောက် ၊ ညနေစာ သုံးဆောင်ကာ ဟိုတယ်သို့ ပြန်လည်ဝင်ရောက်ကာ အိပ်စက်အနားယူပါမည်။
Hotel : lbis Hotel London Earis Court *** (or) Similar

 

 

Day(3): London-Canterbury- Maid Stone- London (B/L/D)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ၊ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ယနေ့တွင် လန်ဒန်မှ ကန်တာဘူရီမြို့ကို ပထမဦးစွာ သွားရောက်လည်ပတ်ရာတွင် ကန်တာဘူရီဘုရားကျောင်းကို လေ့လာလည်ပတ်ပြီး ၊ နေ့လည်စာ ကို သုံးဆောင်ပါမည်။ ပြီးနောက် နာမည်ကျော် လီရဲတိုက် (Leed Castle) ကို မွန်းလွှဲပိုင်း လည်ပတ်မှု အဖြစ် လေ့လာလည်ပတ်ပြီး လန်ဒန်မြို့ ကို ပြန်လည် ထွက်ခွာပါမည်။ လန်ဒန်မြို့ ရောက်လျင် ညနေစာသုံးဆောင်ပြီး ဟိုတယ်ဝင်ရောက် ကာ အိပ်စက်အနားယူပါမည်။

 

 

Day (4): London-Free Day Leisure & activities (B)
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက်၊ ခရီးပမ်းနေသူများ အနားယူနိုင်သလို လန်ဒန်ရှိ ဆွေမျိုးမိတ်သင်္ဂဟများနှင့် တွေ့ဆုံချင်သူများမှလည်း မိမိအစီအစဉ်ဖြင့် တွေ့ဆုံနိုင်သလို ၊ ဈေးဝယ်-လည်ပတ်ချင်သူများ ကလည်း မိမိအစီအစဉ်ဖြင့် လည်ပတ်နိုင်ပါသည်။ လန်ဒန်တွင် ညအိပ်ပါမည်။

 

 

Day(5) : London-Paris, France by Euro Star Train (B/L/D)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ Check out လုပ်ပြီး လန်ဒန်ဘူတာရုံ (London ST Pancras Int'l) မှ သို့ ဧည့်လမ်းညွှန်မှ လိုက်လံပို့ဆောင်ပေးပါမည်။ ပြင်သစ်နိုင်ငံ၏ ဖက်ရှင်မြို့တော် ပါရီမြို့ကို ယူရို စတားရထားဖြင့် 2nd Class တွင် စီးနင်းပြီး ထွက်ခွါပါမည်။ ပါရီ NORD ဘူတာရုံသို့ ရောက်လျင် တည်းခိုမည့် ဟိုတယ်သို့ ထွက်ခွါကာ ဟိုတယ်ဝင်ခွင့် ပြုလုပ်ပါမည်။ ပြီးနောက် နေ့လည်စာသုံးဆောင်ကြပါမည်။ မွန်းလွှဲပိုင်းတွင် ပါရီမြို့ထဲကို ကားဖြင့် လည်ပတ်ကြည့်ရှုပြီး ၊ ပျော်ပျော်ပါးပါးဈေးဝယ်ရန် Galleries Lafayette ပို့ဆောင်ပေးပါမည်။ ပြီးနောက် ညနေစာ သုံးဆောင်ကာ ဟိုတယ်သို့ ပြန်လည်ဝင်ရောက် အိပ်စက်အနားယူပါမည်။ ပါရီတွင် ညအိပ်ပါမည်။
Hotel: lbis Hotel London Earls Court ***(or) Similar

 

 

Day (6): Paris ,France (B/L/D)
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင် သုံးဆောင်ပါမည်။ (၀၉း၀၀) အချိန်တွင် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆို ပြီး ပြင်သစ်နိုင်ငံပါရီမြို့သို့ စတင်လည်ပတ်ပါမည်။ ပါရီမြို့၏ ထင်ရှားသော ရှောင်ဇေလီဇေလမ်းမကြီး တလျှောက်ကားမောင်းပြီး Place de la Concorde and the Arc de Triamphe များကို ကားပေါ်မှကြည့်ရှုနေစဉ် ဧည့်လမ်းညွှန်မှ ရှင်းလင်းပြောပြပါမည်။ ဆက်လက်၍ နာမည်ထင်ရှားကျော်ကြားသော Louvre ပြတိုက် ၊Montparnasse နှင့် နို တြာ ဘုရားကျောင်းကို ၀င်ရောက်လေ့လာလည်ပတ်ပါမည်။ လေ့လာကြည့်ရှုသူများ လွန်စွာ များပြားသော နေရာတခု ဖြစ်ပါသည်။ နာမည်ကျော်ဗီးနပ်စ် ရုပ်ထု အပါအ၀င် အနုပညာလက်ရာ မြောက်လွန်လှသော ကျောက်ဆစ်ရုပ်ထုများ တည်ရှိရာ ခန်းမ၊ မိုနာလီဇာ ပန်းချီကားနှင့်တကွ ပြင်သစ်သမိုင်းကြောင်းကို ဖော်ပြရေးဆွဲထားသော အံ့သြဖွယ်ရာ ပန်းချီခန်းမနှင့် ဘုရားကျောင်းတို့ တည်ရှိသော ပြတိုက်ကို တွေ့မြင်ကြည့်ရှုခံစားနိုင်ပါသည်။ ၎င်းနောက် နေ့လည်စာ ကို La Fontaine De ကျောက်စိမ်းတရုတ်စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာ စားပြီးနောက် အီဖယ်မျှော်စင်သို့ သွားရောက်လည်ပတ်ပါမည်။ အီဖယ်မျှော်စင် ဒုတိယထပ်မှ ပါရီမြို့၏ လှပသော ရှုခင်းများကို ကြည့်ရှုခံစားပါမည်။ တဆက်တည်း Mouches မြစ်တလျှောက် Seine Cruise စီးရင်းဖြင့် They Arcade Triamphe The Champs Fly sees များကို လည်ပတ်ကြည့်ရှုပြီးနောက် ညနေစာကို Bien Bien ထိုင်းစားသောက်ဆိုင်တွင် ဧည့်ခံကျွေးမွေးပါမည်။ ၎င်းနောက် ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးပါမည်။
Hotel: lbis Hotel London Earls Court ***(or) Similar

 

 

Day (7) :Paris- Versailles-Paris(B/L/D)
နံနက်စာကို ဟိုတယ်စားသောက်ခန်းမတွင် သုံးဆောင်ပါမည်။ (၀၉း၀၀) အချိန်ခန့်တွင် ဧည့်လမ်းမှ လာရောက်ကြိုဆို ပြီး ဗာဆိုင်းနန်းတော်ရှိရာ ဗာဆလီသို့ ထွက်ခွာပါမည်။ ကမ္ဘာတွင် ထင်ရှားကျော်ကြားသော စစ်ဘုရင်စံမြန်းခဲ့ရာ ကြီးကျယ်ခန်းနားလှပလွန်းသာမက ၊ဖက်ရှင်ခေတ်ဦးဟု ဆိုရမလောက် ဖြစ်သော သမိုင်းဝင် နန်းတော်ကြီးကို ဂုဏ်ယူစွာဖြင့် ပြတိုက်အဖြစ် ပြသထားသော ဗာဆိုင်းနန်းတော်ကို ကိုယ်တိုင်မြင်တွေ့ ခံစားနိုင်ပါသည်။ ၎င်းနောက် နေ့လည်စာကို ဗာစလီရှိ Au Mandarin Royal စားသောက်ဆိုင်တွင် ဧည့်ခံကျွေးမွေးပြီးနောက် ၊ ဗာစလီမှ ပြန်လည် ထွက်ခွါပြီး လွတ်လပ်စွာ ဈေးဝယ်လည်ပတ်ပါမည်။ ညနေစာကို သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ပြန်လည် ပို့ ဆောင် ပေးပါမည်။ (ညပိုင်းတွင် ပါရီမြို့ရှိ နာမည်ကျော် LIDO SHOW ကို ကြည့်ချင်ပါက မိမိအစီအစဉ်ဖြင့် ကြည့်ရှုနိုင်ပါသည်။) ပါရီတွင်ညအိပ်ပါမည်။

 

 

Day (8): Paris -Madrid, Spain by Flight (B/-/D)
နံနက်စာကို သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out လုပ်ပေးကာ Charles de Gaulle airport သို့ လိုက်လံပို့ဆောင်ပးပါမည်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွါပါမည်။ လေဆိပ်ရောက်လျှင် တဆက်တည်း ဟိုတယ်သို့ ပို့ဆောင် Check in လုပ်ပြီး အနားယူနိုင်ပါသည်။ ညနေစာအား ဟိုတယ်စားသောက် ခန်းမတွင် သုံးဆောင်ကြပါမည်။ မက်ဒရစ်မြို့တွင် ညအိပ်ပါမည်။
Hotel : Regente *** (or) Similar

 

 

Day(9): Madrid-Avila-Salamanca-Coimbra ,Portugal by LDC( B/L/D)
နံနက်စာကို သုံးဆောင်ပြီးနောက် မက်ဒရစ်မြို့မှ အနောက်ဘက် ၁၁၂ ကီလိုမီတာအကွာ ကားမောင်းချိန်တစ်နာရီခွဲခန့်ရှိသော အဗေလ်လာ (Avila) သို့ သွားရောက်လည်ပတ်ကြပါမည်။ ၎င်းမှတဆင့် ၉၉ ကီလိုမီတာ အကွာ တစ်နာရီခွဲခန့်ထပ်မံကားဖြင့် သွားရသော ၁၉၈၂ ခုနှစ်က နပိုလီယံ စစ်တပ်တည်ရှိရာ ဆာလာမန်းကာ (Salamanca) သို့ သွားရောက် လည်ပတ်ကြပါမည်။ ဆာလာမန်းကာ သို့ ရောက်လျှင် စပိန်နိုင်ငံရှိ လှပဆုံးရင်ပြင်ဟု ထင်ရှားကျော်ကြား သော Salamanca's Plazza Mayor ကို သွားရောက်လည်ပတ်ပါပြီးနောက် နေ့လည်စာသုံးဆောင် ကြပါမည်။ ပြီးနောက် ဆာလာမန်းကာမှ အနောက်ဘက်စူးစူးရှိ ကြီးမားသော ခံတပ်မြို့ကြီးကိုလည်း လည်ပတ်ကြပြီး ဆက်လက်၍ Guarda မြို့ကို ဖြတ်ကာ ၄ နာရီ ၄၅ မိနစ်ခန့် ကားမောင်းသွားရသော ပေါ်တူဂီနိုင်ငံ အလယ်ပိုင်း မြစ်ရှေ့တွင် တည်ရှိသော ပေါ်တူဂီနိုင်ငံ မြို့တော်လည်း ဖြစ် သမိုင်းဝင် Coimbra University ရှိသော COIMBRAမြို့သို့ ထွက်ခွါပါမည်။ COIMBRA မြို့ရောက်လျှင် ညနေစာ သုံးဆောင်ပြီးနောက် တည်းခိုမည့်ဟိုတယ်သို့ ၀င်ရောက်ကာ ဟိုတယ်ဝင်ခွင့်ပြုလုပ်ပြီး အိပ်စက်အနားယူပါမည်။
Hotel :Astoria *** (or) Similar

 

 

Day (10): Coimbra- Fatima- Obidos- Lisbon (B/L/D)
နံနက်စာကို သုံးဆောင်ပြီးနောက် COIMBRA မြို့ကို Orientation Tour အနေဖြင့် လည်ပတ်ပြီး ၈၅ ကီလိုမီတာ အကွာ တစ်နာရီခန့် ကားမောင်းသွားရသော ဖာတီမာမြို့ကို ထွက်ခွါပါမည်။ ဖာတီမာသို့ ရောက်လျှင် အပျိုစင်မာရီ၏ သား ၃ ယောက်ဖြစ်သော Francisco, Jacinth and Lucia တို့ က ၁၉၁၇ ခုနနှစ် မေလ ၁၃ ရက် နေ့တွင် ပြုလုပ်ခဲ့သော မယ်တော် မာရီဝိညဉ်ကိန်းအောင်းရာ ဘေးမဲ့တောကို လေ့လာကြည့်ရှုကြပါမည်။ ပြီးနောက် နောက်ထပ် တစ်နာရီခွဲ ခန့် ကားမောင်းရသော လစ်စဘွန်းမရောက်ခင် ခရီးတထောက်မြို့ဖြစ်သော Obidos သို့ ထွက် ခွါပါမည်။ Obidos သို့ ရောက်လျှင် လည်ပတ်ကြည့်ရှုပြီးနောက် တစ်နာရီ ၁၂ မိနစ် ခန့် ကားမောင်းရသော ပေါ်တူဂီနိုင်ငံမြို့တော် လစ်စဘွန်းသို့ ဆက်လက်ထွက်ခွါပါမည်။ လစ်စဘွန်းသို့ ဆက်လက်ထွက်ခွါပါမည်။ လစ်စဘွန်းသို့ ရောက်လျှင် ညနေစာ သုံးဆောင်ပြီးနောက် ဟိုတယ်သို့ Check in ၀င်ရောက် အိပ်စက်အနားယူပါမည်။
Hotel :Astoria *** (or) Similar

 

 

Day (11): Lisbon( B/L/D)
နံနက်စာကို သုံးဆောင်ပြီးနောက် ပေါ်တူဂီနိုင်ငံ၏ မြို့တော် လစ်စ်ဘွန်းမြို့ကို စတင် လည်ပတ်ကြရာတွင် နာမည်ကျော် Tourist Attraction Site တွေ ဖြစ်သော Belem Tower ,Moorish Citadel, Black Horse Square တို့ ကို လေ့လာလည်ပတ်ကြပါမည်။ ညနေပိုင်းတွင် စည်ကားလှသော Alfama's title-decorated လမ်းသွယ် တလျှောက်ကြည့်ရှုလည်ပတ်နိုင်သလို Optional Tour အနေဖြင့် Estorlif Coast to Cascais and Sintra ကိုလည်း လည်ပတ်နိုင်ပါသည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ၀င်ရောက်ကာ အိပ်စက်အနားယူပါမည်။

 

 

Day (12) : Lisbon- Badajoz- Seville ,Spain by LDC (B/L/D)
နံနက်စာကို သုံးဆောင် ပြီးနောက် ဟိုတယ်မှ check out လုပ်ကာ လစ်ဘွန်းမှ ၂၂၇ ကီလိုမီတာအကွာအဝေးတွင် ရှိပြီး ကားမောင်းချိန် ၃နာရီ နှင့် မိနစ် ၃၀ ခန့်ကြာမြင့်သော ပေါ်တူဂီ နှင့် စပိန်နယ်စပ် မြို့ဖြစ်သော Badajoz ကို ထွက်ခွါပါမည်။ Badajoz သို့ရောက်လျှင် နေ့လည်စာသုံးဆောင်ပြီး ၂၁၀ ကီလိုမီတာအကွာအဝေးတွင် ရှိသော ကားမောင်းချိန် ၃နာရီ ၁၀မိနစ်ခန့် မောင်းသွားရမည့် စပိန်နိုင်ငံ ဆဘဲလီမြို့သို့ ဆက်လက်ထွက်ခွါပါမည်။ ဆဘဲလီမြို့သို့ ရောက်လျှင် ညစာသုံးဆောင်ကာ ဟိုတယ် Check in လုပ်ပြီး အိပ်စက်အနားယူပါမည်။

 

 

Day (13): Seville Full Day City Tour (B/L/D)
နံနက်စာကို သုံးဆောင်ပြီးနောက် စပိန်နိုင်ငံ၏ အရောင်အသွေးစုံလင်လှတဲ့ မြို့တွေထဲမှာ တစ်မြို့ အပါအ၀င်ဖြစ်သော ဆဘဲလီမြို့ကို တစ်နေကုန် လည်ပတ်ကြရာတွင် အဓိကကျသော Vibrant City ကို ပါလည်ပတ်ကြပါမည်။

 

 

Day (14): Seville -Cordoba- Madrid (B/L/D)
နံနက်စာကို သုံးဆောင်ပြီးနောက် ဟိုတယ်မှ Check out လုပ်ကာ စပိန်နိုင်ငံ၏ မော်ရစ်စီတီးဟု ထင်ရှားလူသိများသော Cordoba သို့ ထွက်ခွါပါမည်။ ကားမောင်းချိန် ၂ နာရီ ခန့် ကြာမြင့် ပါမည်။ Cordoba သို့ ရောက်လျှင် နေ့လည်စာ သုံးဆောင်ပြီးနောက် Cordoba မြို့City Tour ကို မက်ကွီတာ အပါအ၀င် လည်ပတ်ပြီးနောက် Cordoba မှ ၃၉၆ ကီလိုမီတာအကွာရှိ ကားမောင်းချိန် ၅နာရီခွဲခန့်ရှိသော မက်ဒရစ် မြို့သို့ ထွက်ခွါပါမည်။ မက်ဒရစ်မြို့သို့ ရောက်လျှင် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ ၀င်ရောက်အိပ်စက် အနားယူပါမည်။

 

 

Day(15) : Madrid(B/L/D)
နံနက်စာကို သုံးဆောင်ပြီးနောက် ပင်လယ်ရေ မျက်နှာပြင်အထက်ပေ ၂၁၈၀ တွင် တည်ရှိသော စပိန်လူမျုးတွေက နတ်ပြည် နှင့် အနီးဆုံးတွင် တည်ရှိသော မြို့ဟု တင်စားခေါ်ဝေါ်ကြသော မက်ဒရစ် မြို့ကို ပျော်ပျော်ပါးပါး စတင် လည်ပတ်ကြရာတွင် Cibeles Fountain, Plazza de Cibeles, Puerta del Sol နှင့် Plaza Espana တို့ကို လည်ပတ် ကြပါမည်။ နှုတ်ဆက်ညနေစာကို သုံးဆောင်ပြီးနောက် ဟိုတယ်သို့ ၀င်ရောက် ကာ အိပ်စက်အနားယူပါမည်။

 

 

Day (16): Madrid -Departure( B)
ဟိုတယ်တွင် အင်္ဂလိပ်နံနက်စာသုံးဆောင် ပြီးနောက် မိမိတို့Tour Director မှ လေဆိပ်သို့ ပို့ဆောင် နှုတ်ဆက်ပါမည်။ >

 

 

Tour Cost: US$ (per person) (လူဦးရေ- လူကြီး တစ်ဦးခြင်းစီ၏ ဈေးနှုန်းများ)

 

Code

Duration

16 Pax

20 Pax

25 Pax

30 Pax

35 Pax

Single +

GG LE21617

16 Days

4700

4600

4430

4350

4320

750

 

 


 

Price Includes:
•    International Air ticket and airport tax
•    Visa fee and visa service
•    3* Hotel with daily breakfast
•    Lunch and dinner as specific program
•    Entrance fee to visitor attractions
•    Transportation & Tour sightseeing
•    English speaking Tour director / Guide
•    Daily Mineral water per day per person
•    Transfer by private LDC ( Long Distance Coach )
•    Mineral water one bottle per day / per person
•    Tipping for driver & guide

 

Price Excludes:
•    Beverages and Laundry service and Personal insurance and personal uses
•    Any Optional Tours