Upgrade Korea

ကို ရီး ယား ( ၁၁ ရက် ။ ၁၀ ည ) ခ ရီးစဉ်

ထွက်ခွာမည့်နေ့  (xx . xx. ၂ဝ၁၂)
ခရီးစဉ်ပြီးဆုံးမည့်နေ့ (xx.  xx. ၂ဝ၁၂)
လည်ပတ်မည့်နေရာ Jeju Island  - Busan –Kyung Ju – Seokcho _ Seoul 
လေကြောင်းလိုင်း Thai Air Way International (TG)
လေယဉ်ပြောင်း ဘန်ကောက်
လူဦးရေ  (၁၀ - ၁၅) ဦး နှင့် (၁၅ - ၂၀)ဦးနှင့် (၂၀ - ၃၀)ဦး
အသုံးပြုမည့်ဧည့်လမ်းညွှန် အင်္ဂလိပ်စကားပြောဧည့်လမ်းညွှန်နှင့် ဒေသခံမြန်မာလမ်းညွှန်
ခရီးစဉ်ကြာမြင့်ချိန်  ၁၀ ညအိပ်  ။ ၁၁ ရက် ခရီးစဉ်

 

       

ပထမနေ့။    ။ ရန်ကုန်  ~ ဘန်ကောက် ~ အင်ချွန်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညနေ (၁၉း၄၅) တွင် ထိုင်းလေကြောင်းဖြင့် စတင်ထွက်ခွာပါမည်။ ည (၂၁း၃၀)အချိန်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်သို့ ရောက်ရှိပါမည်။ ည (၂၃း၀၅) သန်းခေါင်ယံအချိန်တွင် သုဝဏ္ဏဘုမ္မိလေဆိပ်မှ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ထွက်ခွာပါမည်။ လေယာဉ်ပေါ်တွင် ညအိပ်ပါမည်။

 

ဒုတိယနေ့။    ။ ဆိုးလ်မြို့ ~ ဂျဲဂျူကျွန်း ( နေ့လည် ။ ညစာ )
ကိုရီးယားနိုင်ငံ ဒေသစံတော်ချိန် (၀၆း၃၀)နာရီတွင် ဆိုးလ်မြို့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပါမည်။ လေဆိပ်တွင် ထွက်ခွာခွင့်လုပ်ပြီးနောက်၊ လေဆိပ် ဧည့်ကြိုခန်းမတွင် ဧည်လမ်းညွှန် နှင့် ခရီးစဉ်၏ တာဝန်ရှိသူ ဒေသခံမြန်မာနိုင်ငံသားမှ လာရောက်ကြိုဆိုပါမည်။  (၀၈း၀၀)နာရီတွင် ကင်ပိုလေဆိပ် သို့ အဲယားကွန်းဘတ်စ်ကားဖြင့်ပြောင်းရွှေ့ပြီး၊ (၁၀း၀၀)နာရီတွင် ပြည်တွင်း လေကြောင်းလိုင်းဖြင့် ဂျဲဂျူကျွန်း သို့ထွက်ခွာပါမည်။ ဂျဲဂျူးကျွန်သို့ရောက်သည်နှင့်တဆက်တည်း၊ (၁၁း၀၀)နာရီတွင် Youngdoam ( ဂျဲဂျူကျွန်း၏မြောက်ဘက် ပင်လယ်တွင် မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာ သော နဂါးဦးခေါင်းပုံရှိ ကျောက်ဆောင်ဖြစ်သည်။ ကျောက်ဆောင်နှင့် ကမ်းခြေတလျှောက်တွင် အဖြူရောင် ဘန်ဂလိုများနှင့် လှပသော ကဖေးဆိုင်များကြောင့်လည်း ချစ်သူစုံတွဲများ အပန်းဖြေရာ နေရာအဖြစ်လည်း ထင်ရှားသည်) ကို သွားရောက်လည်ပတ်ပါမည်။ (၁၂း၀၀)နာရီတွင် နေ့လည်စာကို သုံးဆောင်ပါမည်။နေ့လည်စာသုံးဆောင်ပြီး နောက်ခေတ္တအနားယူပါမည်။ (၁၄း၃၀)နာရီတွင် ညနေပိုင်း ခရီးစဉ်ဖြစ်သည့်

FOLKLORE & NATURAL HISTORICAL MUSEUM  (http://museum.jeju.go.kr) ဂျဲဂျူကျွန်း၏ ထူးခြားလှသော မြေပေါ်မြေအောက်၊ရေပေါ်ရေအောက် သဘာဝအလှများနှင့် ဂျဲဂျူကျွန်း တွင်ရှိခဲ့သော၊ ရှိနေဆဲဖြစ်သော သဘာဝတိရိစ္ဆာန်များ၊ ကျွန်းသူကျွန်းသားတို့၏ ယဉ်ကျေးမှုတို့ကို တနေရာထဲတည်းတွင် အံ့ဖွယ်ကြည့်မြင် လေ့လာနိုင်သည့်နေရာ။

HANLIM PARK (http://www.hallimpark.co.kr) ကမ္ဘာ့နိုင်ငံပေါင်းစုံမှ သစ်ပင်ပန်းမာလ်များဖြင့် ကမ္ဘာ့အဆင့်မှီ ရုက္ခဗေဒဥယျာဉ်ကြီးဖြစ်ပြီး၊ ကမ္ဘာ့ဒေသ အသီးသီးမှ ရှားပါး ငှက်များ နှင့်၊ အလွန်လှပသော သဘာဝလိုဏ်ဂူများ၊သဘာဝကျောက်မျက်အလှများ ကိုလေ့လာ ကြည့်ရှုနိုင်သည့်နေရာ။

-   MYSTERY ROAD ဂျဲဂျူကျွန်း၏ တောင်အဆင်းလမ်းတနေရာဖြစ်ပြီး တစ္ဆေလမ်းဟုထင်ရှားသည်။ လမ်းအနိမ့်ပိုင်းနေရာတွင် ကားကိုစက်ရပ်ထားပါ သူ့အလိုလျောက်နောက်ပြန်ကာ ကုန်းပေါ်သို့တက်သွားလေ့ရှိသဖြင့် ခရီးသွားများ၏  စိတ်ဝင်စားမှုအများဆုံးခံရသည့်နေရာ။ ပြီးနောက်တနေ့ တာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။ (၁၉း၁၀)နာရီတွင် ဂျဲဂျူကျွန်း၏ ကျော်ကြားသော (GRILLD FISH) ဖြင့် ညစာသုံးဆောင်မည်ဖြစ်ပါသည်။ ညစာ သုံးဆောင်ပြီးနောက် ဟိုတယ် တွင် ကောင်းစွာအိပ်စက်အနားယူမည်။ ဂျဲဂျူကျွန်းတွင် ညအိပ်ပါမည်။

 

တတိယနေ့။    ။ ဂျဲဂျူကျွန်း( နံက်စာ ။ နေ့လည်စာ ။ ညစာ)
နံက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးနောက်၊ (၁၀း၃၀)နာရီတွင် ဂျဲဂျူကျွန်း၏ ကျွန်းစပ် ပင်လယ်ကမ်းခြေတွင် ကျောက်ဆောင် ကျောက်တုံး များဖြင့် ရှုခင်းလှပသော နေရာဖြစ်ပြီး၊ ALL IN ရုပ်ရှင်ကားအပါအ၀င် ကိုရီးယား၏ နံမည်ကြီးရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများရိုက်ကူးရာ နေရာ ဖြစ်သည့် SEOPJIKOJI သို့ သွားရောက်လည်ပတ်ပါမည်။ (၁၂း၃၀)နာရီတွင် လွန်ခဲ့သောနှစ်ပေါင်း၁၀၀၀ခန့်မှစ၍ ယနေ့ထိတိုင် ရှေးမူမပျက်တည်ရှိနေပြီး၊ ဂျဲဂျူကျွန်း၏ အသက်ရှင်လျက်ရှိသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထင်ရှားသည့် SEOUNGEUP FOLK VILLAGE သို့ သွားရောက်လည်ပတ်မည်။ (၁၃း၀၀)နာရီတွင် နေ့လည်စာစားသုံးပါမည်။ OSAMBULGOGI
(၁၅း၃၀)နာရီတွင် အာရှ၏ မဟာယနဗုဒ္ဓဘာသာကျောင်းတော်များထဲတွင် အကြီးဆုံးကျောင်းတော်လည်းဖြစ်ပြီး၊ကျွန်း ပေါ်မှနေ၍ ပင်လယ်ပြင်အထိ ရှုခင်းကို ရှုစားနိုင်သောYAKCHONSA TEMPLE သို့ သွားရောက်လည်ပတ်ပါမည်။ (၁၆း၃၀)နာရီတွင်YAKCHONSA TEMPLE သို့သွားရောက်လည်ပတ်ပါမည်။ဲJUSANGIEOLLI သည် မီးတောင်ပေါက်ကွဲ၍ ထွက်လာသော ချော်ရည်များ ပင်လယ် ပြင်အတွင်း ရုတ်တရက်ခဲသွားရာမှ ချော်ကျောက်တန်းကြီးဖြစ်ကာ၊ ရုတ်တရက် အေးခဲသွားရခြင်းကြောင့် ကျောက်တိုင်အလုံး ပေါင်းများစွာကို စုထောင်ထားသည့်နှယ် ထူးဆန်းစွာ ပင်လယ်တွင်ရှိနေ သော သဘာဝကျောက်ဆောင်တန်းကြီးဖြစ်သည်။ ပင်လယ်၏အလှနှင့်  ပတ်ဝန်း ကျင်၏အလှတို့ ပနံတင့်လိုက်ဖက်လွန်း လှသဖြင့် ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည့်နေရာဖြစ်သည်။ (၁၇း၂၀)နာရီတွင် LOTTE WINDMILL VILLAGE သို့ သွားရောက်လည်ပတ်ပါမည်။ူLOTTE WINDMILL VILLAGE သည် လေရဟတ်စင်ကြီးများဖြင့် ဥရောပသဘာဝအလှကို ခံစားနိုင်ရန် ဖန်တီးထားသောနေရာဖြစ်သည်။ ညရှုခင်းများ အင်မတန်လှပသဖြင့် နေ့ရော ညပါ ခရီးသွားများဖြင့် ပြည့်နေသော နေရာဖြစ်သည်။ (၁၈း၃၀)နာရီတွင် ညစာသုံးဆောင်ပါမည်။ SHABUSHABU(၂၀း၃၀)နာရီတွင် ဟိုတယ်သို့ ပြန်ကာ တနေ့တာခရီးပြီးဆုံးပါမည်။ ဂျဲဂျူကျွန်းတွင်ညအိပ်ပါမည်။

 

စတုတ္ထနေ့ ။      ။ ဘူဆန်း (နံက်စာ၊ နေ့လည်စာ၊ ညစာ)
ဘူဆန်းမြို့ - ဘူဆန်းမြို့သည် ကိုရီးယားနိုင်ငံ၏ အဓိကပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ ဒုတိယမြို့တော်လည်းဖြစ် သည်။ ဘူဆန်းမြို့တော် သည် ပြင်သစ်နိုင်ငံကိန်း နိုင်ငံတကာရုပ်ရှင်ပွဲပြီးလျှင်၊ အာရှတွင်အကြီးဆုံးသော နိုင်ငံတကာရုပ်ရှင် ပွဲတော်ကျင်းပရာ ရုပ်ရှင်မြို့တော် လည်းဖြစ်သည်။
နံက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီးသည်နှင့်  CHECK OUT HOTEL ပြုလုပ်ကာ ဘူဆန်မြို့သို့သွားရန်အတွက် လေဆိပ်သို့ သွားပါမည်။ ဂျဲဂျူလေဆိပ်မှ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဘူဆန်းမြို့သို့သွားပါမည်။ ဘူဆန်းလေဆိပ် ရောက်သည်နှင့် အဲယားကွန်းဘတ်စ်ကားဖြင့် ဘူဆန်းမြို့၏ဗဟိုတွင်ရှိသော YONGDUSAN PARK သို့သွားရောက် လည်ပတ်ပါမည်။
(၁၂း၃၀)နာရီတွင် နေ့လည်စာသုံးဆောင်ပါမည်။VEGITEBLE FRIDE RICE
(၁၄း၀၀)နာရီတွင် ဘူဆန်းမြို့၏အထင်ကရလည်းဖြစ်၊ ကိုရီးယားနိုင်ငံ၏ အကြီးဆုံးပင်လယ်ဆိပ်ကမ်းဈေးလည်းဖြစ်သည့်JAGALCHI MARKET သို့ သွားရောက်လေ့လာလည်ပတ်ပါမည်။ (၁၇း၀၀)နာရီတွင်  non–verbal  (JUMP SHOW) စကားပြောလုံးဝမပါပဲ ရင်သပ်ရှုမောဖွယ်လှုပ်ရှားမှုများဖြင့် ကမ္ဘာလှည့်ခရီးသည်များ၏အားပေးမှုကို ၁၀စုနှစ်ကျော်သည်ထိ မပြတ်တမ်းရရှိခဲ့သောပြပွဲသို့ အထူးအစီအစဉ်အဖြစ် သွားရောက်ကြည့်ရှုပါမည်။
(၁၉း၀၀)နာရီတွင် ညစာသုံးဆောင်ပါမည်။ုKOREAN BUFFET                      
(၂၀း၃၀)နာရီတွင် ဟိုတယ်သို့ ပြန်ကာ အနားယူပြီး တနေ့တာ အစီအစဉ်ပြီးဆုံးပါမည်။ ဘူဆန်းမြို့တွင်ညအိပ်ပါမည်။

 

ပဉ္စမနေ့ ။     ။ GYEONG-JU ( နံက်စာ ။ နေ့လည်စာ ။ ညစာ )
(၀၉း၀၀)နာရီ- ဟိုတယ်တွင် နံက်စာသုံးဆောင်ပြီးနောက် CHECK OUT HOTEL ပြုလုပ်ပါမည်။ ပြီးနောက် ရှီလာမင်းဆက်တို့ နန်းစိုက်ခဲ့ရွာ့နဥြွ-ဲ့သို့ ဆက်လက်ထွက်ခွာပါမည်။ (၁၁း၀၀)နာရီတွင် CHEOMSEONGDAE OBSERVATORY (ရှီလာမင်းဆက် ၂ရဆက်မြောက် ဆန်းဒုဂ်ဘုရင်မကြီး လက်ထက်တွင် တည်ဆောက်ခဲ့သော ရှီလာခေတ်နက္ခတ္တမျှော်စင်)သို့ သွားရောက်လေ့လာပါမည်။ ၄င်းနက္ခတ္တ မျှော်စင်သည် ရှီလာခေတ်၏ နက္ခတာယာပညာထွန်းကားမှုကိုပြသနေသော ကိုရီးယားနိုင်ငံတော်ရတနာ အမှတ် ၃၁အဖြစ် မှတ်တမ်းတင်ခံထားရသော နေရာဖြစ်သည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၃၀၀ကျော်ခဲ့ပြီဖြစ်သည်။
(၁၁း၀၀)နာရီတွင် နေ့လည်စာသုံးဆောင်ပါမည်။(SSAMBAB)
(၁၃း၃၀)နာရီတွင် လွန်ခဲ့သောနှစ်ပေါင်း၁၃၀၀ကျော်ခန့်၊ ရှီလာမင်းဆက်များလက်ထက်တွင် တည်ထားကိုးကွယ်ခဲ့သည့်၊ ဗုဒ္ဓဆင်းတုဘုရားSEOKGURAM GROTTOသို့ သို့ သွားရောက်လည်ပတ်မည်။ ကိုရီးယား၏ အထင်ရှားဆုံး ကျောက်ဆင်တု ဖုရားဖြစ်ပြီး၊ ရှီလာခေတ်ယဉ်ကျေးမှု ဗိသုကာလက်ရာများ၏ ပြောင်မြောက်မှုကိုလည်း တွေ့ရှိနိုင်မည်။
(၁၆း၀၀)နာရီတွင် BULGUKSA TEMPLE သို့သွားရောက်လည်ပတ်မည်။ BULGUKSA TEMPLE သည် ရှီလာခေတ်၏ ထင်ရှားသော ဗုဒ္ဓဘာသာကျောင်းတော်ကြီးဖြစ်ပြီး၊ နှစ်ပေါင်း၁၆၀၀ကျော်သက်တမ်းရှိပြီဖြစ်သော်လည်း၊ သာယာလှပ သောတောအုပ်အတွင်းတွင် မပျက်မစီးနှင့်ယနေ့တိုင်ရှိနေသည်။ ကမ္ဘာအယဉ်ကျေးမှုအမွေအနှစ်အဖြစ်လည်း ယူနက်စကိုမှ သတ်မှတ်ထားသော နေရာဖြစ်သည်။
(၁၇း၃၀)နာရီတွင် ညစာသုံးဆောင်ပါမည်။ MUSHROOM STEAM POT
(၁၉း၁၅)နာရီတွင် ဟိုတယ်သို့ သွားရောက်ကာ အနားယူပါမည်။. ဂရောင်ဂျူးတွင်ညအိပ်ပါမည်။

 

ဆဌမနေ့ ။     ။ SOKCHO ( နံက်စာ ။ နေ့လည်စာ  ။ ညစာ )
(၀၈း၀၀) နာရီ- ဟိုတယ်တွင် နံက်စာသုံးဆောင်ပြီးနောက် CHECK OUT HOTEL ပြုလုပ်ပြီး၊ ခရီးဆက်ပါမည်။ (၀၉း၀၀)နာရီတွင့် YANGDONG FOLK VILLAGE သို့ရောက်ရှိပါမည်။ ဆွန်းမျိုးနွယ်စုနှင့် အီမျိုးနွယ်စုတို့အဓိကနေထိုင်ရာ ရှေးခေတ်မျိုးနွယ်စုရွာဖြစ် သည်။ (၁၃း၀၀)နာရီတွင် နေ့လည်စာသုံးဆောင်ပါမည်။ LUNGCH AT SERVIC AREA
(၁၅း၃၀)နာရီတွင် MT.SEORAK NATIONAL PARK  သို့ရောက်ရှိပါမည်။  ကိုရီးယားနိုင်ငံအရှေ့ဖက်ခြမ်းဒေသ၏ အလှပဆုံးနေရာဖြစ်ပြီး၊SEORAK တောင်ကို ဗဟိုပြုထားသော အမျိုးသားဥယျဉ်ကြီးဖြစ်သည်။ ထိုမှတဆင့် CABLE CAR  စီးကာ အလှပဆုံးသော တောင်ထွဋ္ဋ်များရှိရာ GWONGEUMSEONG သို့ဆက်လက်သွားရောက်လည်ပတ်မည်ဖြစ်သည်။ ပြီးနောက် ၆၅၃ခုနှစ်တွင် ရှီလာ ဂျင်ဒုတ်ဘုရင်မကြီး တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် ဗုဒ္ဓဘာသာကျောင်းတော်ကြီးသို့ ဆက်လက်လည်ပတ်ပါမည်။
(၁၈း၀၀)နာရီတွင် ညစာသုံးဆောင်ပါမည်။GRILLD FISH
(၁၉း၃၀)နာရီတွင် ဟိုတယ်သို့ ပြန်ကာ အနားယူပါမည်။ှသုခ့သ  တွင် ညအိပ်ပါမည်။

(ကိုရီးယားနိုင်ငံသည် လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာကတည်းကပင် ဗုဒ္ဓဘာသာနိုင်ငံဖြစ်ခဲ့ပြီး၊ ဗုဒ္ဓဘာသာကျောင်းတော် ကြီးများကိုလည်း မြန်မာနှင့်မတူ လှပသာယာသော တောတောင်သဘာဝထဲတွင် ခမ်းနားစွာဆောက်လုပ်ထားကြသဖြင့် ၊ ယနေ့ ကိုရီးယားနိုင်ငံ၏ အလှ အပ များကို ကြည့်မည်ဆိုပါက၊ ထိုနေရာများသို့ သွားရောက်ပါမှ ပြည့်စုံလိမ့်မည်ဖြစ်သည်။)

 

သတ္တမနေ့။     ။ SEOUL( နံက်စာ ။ နေ့လည်စာ ။ ညစာ )
(၀၈း၃၀) နာရီ - ဟိုတယ်တွင် နံက်စာ စားသုံးပြီးနောက် CHECK OUT HOTEL ပြုလုပ်ပါမည်။NAMI ISLAND ( နာမီကျွှန်း ) သို့သွားပါမည်။
(၁၀း၀၀) နာရီတွင် NAMI ISLAND သို့ရောက်ရှိကာ ကျွန်းအနှံသာယာလှပသော နေရာများနှင့် ရုပ်ရှင်ရိုက်ကွင်းများ အဖြစ် အသုံးပြုခဲ့သော နေရာများသို့သွားကာ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ အပန်းဖြေခြင်းများလုပ်ပါမည်။ ကိုရီးယား ရုပ်ရှင်များရိုက်ကူးရာ အထင်ကရကျွန်း ဖြစ်သည်။ (၁၂း၀၀)နာရီတွင် နေ့လည်စာသုံးဆောင်ပါမည်။CHIKIN BBQ
(၁၄း၀၀)နာရီတွင် ကိုရီးယား၏ အကြီးဆုံးTHEME PARK ကစားရာနေများနှင့်သဘာဝဘေးမဲ့ဥယျာဉ် များရှိရာEVERLANDသို့သွား ရောက်ပါမည်။ ကိုရီးယားနိုင်ငံသားများနှင့် ကမ္ဘာလှည့်ခရီးသည်များအားလုံး၏ စိတ်ပျော်ရွှင်မှုကို အပြည့်အ၀ ပေးနိုင်သည့်နေရာဖြစ်သည်။
(၁၈း၀၀)နာရီတွင် KIMCHI MAKING + WEARING HANGOK ( ကိုရီးယား၏ ရိုးရာကင်မ်ချီ ပြုလုပ်ပုံကို လေ့လာခြင်းနှင့် ကိုရီးယား ရိုးရာဝတ်စုံများကိုလည်း ၀တ်ဆင်ကြည့်ရှုလေ့လာနိုင်ရန်) သို့သွားရောက်လည်ပတ်ပါမည်။
(၁၉း၀၀)နာရီတွင် ညစာသုံးဆောင်ပါမည်။  P0RK BBQ CHIKIN  / ညစာသုံးဆောင်ပြီးနောက် ဆိုးလ်သို့ ပြန်ကာ၊
(၂၁း၀၀)နာရီတွင် ဟိုတယ်သို့ ရောက်ရှိပြီးတနေ့တာ ခရီးစဉ် ပြီးဆုံးပါမည်။ ဆိုးလ်တွင်ညအိပ်ပါမည်။

 

အဌမနေ့ ။     ။ SEOUL ( နံက်စာ ။ နေ့လည်စာ ။ ညစာ )  
(၀၉း၀၀) နာရီ - ဟိုတယ်တွင် နံက်စာသုံးဆောင်ပြီးနောက်  ဆိုးလ်မြို့တွင်းလည်ပတ်ရန် ထွက်ခွာပါမည်။ (၁၀း၀၀)နာရီ တွင် ဆိုးလ်မြို့ SEOUL TOWEL   သို့ရောက်ရှိလည်ပတ်ပါမည်။ (၁၂း၀၀)နာရီတွင် နေ့လည်စာ သုံးဆောင်ပါမည်။ GINSENG CHIKIN
(၁၃း၃၀) နာရီ -GINSENG CENTER သို့သွားရောက်လေ့လာကာ၊ ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ကိုရီးယားဂျင်ဆင်းနှင့် ဂျင်ဆင်းဖြင့်ထုတ်လုပ်သော ပစ္စည်းများကိုလည်း ၀ယ်ယူနိုင်ပါသည်။ (၁၄း၃၀)နာရီ - COSMETIC SHOPPING ကိုရီးယား၏ အရည်အသွေးပြည့်မှီသော အလှကုန်ပစ္စည်းများဝယ်ယူရန်နှင့် လေ့လာရန်အတွက် လိုက်လံပို့ဆောင်ပေးပါမည်။
(၁၅း၀၀)နာရီ - DUTYFREE SHOP တွင် ဈေးနှုန်းချိုသာစွာဖြင့် ဈေးဝယ်နိုင်ရန် လိုက်လံပို့ဆောင်ပေးပါမည်။
(၁၇း၃၀)နာရီ - ညစာစားသုံးပါမည်။  CHAINESS MEAL
(၁၉း၃၀)နာရီ - ဟန်မြစ်ပေါ်တွင် အပန်းဖြေသင်္ဘောစီးပြီး၊ ဟန်မြစ်ကမ်း၏အလှကို ကြည့်ရှုပါမည်။
(၂၁း၀၀)နာရီတွင် ဟိုတယ်သို့ ပြန်လည်ရောက်ရှိကာ တနေ့တာခရီးစဉ်ပြီးဆုံးပါမည်။ ဆိုးလ်တွင်ညအိပ်ပါမည်။

 

န၀မနေ့ ။    ။ SEOUL ( နံက်စာ ။ နေ့လည်စာ ။ ညစာ)
(၀၈း၀၀)နာရီ - ဟိုတယ်တွင်နံက်စာသုံးဆောင်ပြီးနောက်၊ (၀၈း၃၀)နာရီတွင် BLUE HOUSE (သမ္မတအိမ်တော် )နှင့် ထိုအနီးတွင်ရှိသည့်NATIONAL FOLK MUSEUM ။ ပြီးနောက် ကိုရီးယား၏နောက်ဆုံးဘုရင်နန်းစိုက်ခဲ့ရာ GYEONGBOK PLACE သို့ သွားရောက် လည်ပတ်ပါမည်။ (၁၁း၃၀)နာရီတွင်  ကျောက်အလှပြပွဲ( AMETHYST SOWCASE)သို့သွားရောက်ကြည့်ရှုပါမည်။
(၁၃း၀၀)နာရီတွင် နေ့လည်စာသုံးဆောင်ပါမည်။BIBIMBOB
(၁၄း၃၀)နာရီတွင် ကမ္ဘလှည့်ခရီးသည်များ၏ စုံရပ်အဖြစ်ကျော်ကြားသော၊ ရိုးရာယဉ်ကျေးမှုနှင့်အနုပညာလမ်းဆုံဟု ကျော်ကြားသှေြာှုဗီဥြွ သို့သွားရောက်ပါမည်။ (၁၆း၀၀)နာရီတွင် အာရှ၏ အကြီးဆုံး ဖက်ရှင်တောင်း ဖြစ်သည့်DONGDAEMUN FASHION သို့ ဈေးဝယ်နိုင်ရန်နှင့်လေ့လာနိုင်ရန်လိုက်လံပို့ဆောင်ပေးပါမည်။ (၁၈း၃၀)နာရီတွင် ညစာသုံးဆောင်ပါမည်။ င်္ှုံ့ဥဏ။ ညစာစားပြီးနောက် အပြန်ခရီးတွင် ကိုရီးယားနိုင်ငံ၏ မြေအောက်ရထားစီးသည့်အတွေ့အကြုံရရှိလိုသူများ၊ မြေအောက်ရထားစီးနိုင်ရန် လည်း စီစဉ်ထားပါသည်။ (၂၀း၀၀)နာရီတွင် ဟိုတယ်သို့ရောက်ရှိကာ တနေ့တာခရီးစဉ်ပြီးဆုံးပါမည်။ ဆိုးလ်တွင်ညအိပ်ပါမည်။

 

ဒဿမနေ့ ။       ။SEOUL ( နံက်စာ ။ နေ့လည်စာ ။  ညစာ )
(၀၉း၀၀)နာရီ - ဟိုတယ်တွင်နံက်စာသုံးဆောင်ပြီးနောက်၊ ဆိုးလ်မြို့တွင်းသို့ဈေးဝယ်ရန်နှင့်လည်ပတ်ရန် ဟိုတယ်မှစတင် ထွက်ခွာပါမည်။
(၁၀း၀၀)နာရီ - ဆိုးလ်မြို၏ထင်ရှားသော ဈေးကြီးတခုဖြစ်သည့် NAMDAEMUN STREET MARKET သို့ပို့ဆောင်ပေးပါမည်။
(၁၂း၀၀)နာရီတွင် နေ့လည်စာစားသုံးပါမည်။SEAFOOD BUFFET (၁၃း၃၀)နာရီတွင် ဆိုးလ်မြို့၏ နိုင်ငံတကာဖက်ရှင်ဆိုင်ကြီးများစုဝေးရာ နေရာဖြစ်သည့် MYEONGDONG SHOPPING DISTRICT သို့ လိုက်လံပို့ဆောင်ပေးပါမည်။ (၁၅း၃၀)နာရီတွင် ဆိုးလ်မြို့လယ်ခေါင်ရှိ အပန်းဖြေရာနေရာဖြစ်သည့် CHEONGGYECHEON သို့လိုက်လံပို့ ဆောင်ပေးပါမည်။ (၁၆း၃၀)နာရီတွင် အာရှ၏ အကြီးဆုံးသော အီလက်ထရောနစ် ဈေးကြီးသို့လိုက်လံပို့ဆောင်ပေးပါမည်။                                
(၁၈း၃၀)နာရီတွင် ညစာသုံးဆောင်ပါမည်။ DOCK BBQ။ ဆိုးလ်တွင်ညအိပ်ပါမည်။
( ၁၁ ) ရက်မြောက်နေ့  ( သို့ ) ကိုရီးယားမှ ပြန်လည်ထွက်ခွါမည့်နေ့  ( နံနက်စာ )
နံက်ပိုင်းတွင် CHECK OUT HOTEL လုပ်ပါမည်။ နံက်စာကို အပြင်တွင် သုံးဆောင်ပါမည်။( လေယဉ်လက်မှတ်အချိန်ပေါ်တွင် မူတည်ပြီး SUPERMARKETတွင် ၀ယ်လိုသည်များကို ၀ယ်နိုင်ရန် လိုက်လံပို့ဆောင်ပေးပါမည်) ပြီးနောက် လေဆိပ်သို့ သွားပါမည်။ လေယာဉ်စီးနင်း ရန်အတွက် လေဆိပ်အတွင်း လုပ်ဆောင်ရမည်များကို လိုက်လံလုပ်ဆောင်ပေးပါမည်။ ပြီးနောက် သတ်မှတ်အချိန်တွင် သတ်မှတ် လေယာဉ်ကို စီးနင်းကာ ကိုရီးယားမှပြန်လည်ထွက်ခွာခြင်းဖြင့် ကိုရီးယားအတွင်းခရီးစဉ် အဆုံးသတ်ပါမည်

 

Tour Cost- per person USD

Number of Paxs

2 Paxs

3 Paxs

4 Paxs

5 Paxs

6 Paxs

7 Paxs

8 -9 paxs

10 – 15 Paxs

16-20 Paxs

20-30 Paxs

Korea Trip

5680

4680

3980

3730

3580

3480

3350

3440

3060

2875

Vietnam Air line

 

 

 

 

 

 

3200

3050

2650

2495

 

ခရီးစဉ်ဈေးနှုန်းတွင်ပါဝင်သည့်အရာများ
-    ဗီဇာကြေး နှင့် ဗီဇာဝန်ဆောင်မှု  
-    အပြည်ပြည်ဆိုင်ရာလေယဉ်လက်မှတ် ( အသွား ။ အပြန် ) နှင့် လေဆိပ်အခွန် ။ ပြည်တွင်းလေယဉ်လက်မှတ်နှင့် လေဆိပ်အခွန်
-    ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်နှစ်ယောက်အိပ်ခန်း နှင့် ခရီးစဉ်တွင်ဖေါ်ပြထားသော နံနက် ။ နေ့ လည် ။ ညစာများ
-    တရားဝင်ကိုရီးယား - အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် နှင့် ဒေသခံမြန်မာဧည့်လမ်းညွှန်
-    ၁၅ ဦးမှ စပြီး၊ မြန်မာတိုးလီဒါတစ်ဦး ( ရန်ကုန် - ကိုရီးယား - ရန်ကုန် )
-    ခရီးစဉ်လည်ပတ်မှုတွင် ပါဝင်သော ၀င်ကြေးများ နှင့် လူတစ်ဦး၊ တနေ့ လျှင်သောက်ရေသန့်  တစ်ပုလင်းးစီ
-    ခရီးစဉ်လည်ပတ်မှုအတွက် စမငလအေန ငေမ ခသညိငအငသည ခမေ

ခရီးစဉ်ဈေးနှုန်းတွင်မပါဝင်သည့်အရာများ

  • Beverages/ Laundry service / Optional tour / ခရီးစဉ်တွင် ပါဝင်သည်ဟုဖေါ်ပြမထားသော သွားလာ / လည်ပတ်မှု နှင့် ၀င်ကြေး
  • Tel/ Email/ Internet / Mini Bar အသုံးပြုမှုများ နှင့် အချိန်ပိုလည်ပတ်မှုများ၏ ကုန်ကျစရိတ်များ ( driver/guide/.. etc ), Tips

 

Flight Schedule  ( Thai Air Way International )  &   Air Ticket Price   :  919  USD ( R/T ) B class

1 .  TG 306  D    RGN I BKK    1945    2140   0 CONNECT BKK     333
      TG 658  D    BKK   ICN M  2305    0630+1 0 30MAR12 20JUN12 773  8:15
 2.  TG 306  4    RGN   BKK    1945    2140   0 CONNECT BKK     330
      TG 658  4    BKK   ICN M  2305    0630+1 0 21JUN12 21JUN12 773  8:15
 3.  TG 306  4    RGN   BKK    1945    2140   0 CONNECT BKK     330
      TG 656  4    BKK   ICN M  2330    0655+1 0 21JUN12 21JUN12 772  8:40
 4.  TG 306  2    RGN I BKK    1945    2140   0 CONNECT BKK     333

 

အကယ်၍ လူတစ်ဦး မှ မည်သူမှမပါဘဲ ဖေါ်ပြပါခရီးစဉ်ကို ဝယ်ယူလိုပါက ဈေးနှုန်းမှာ  ( ၉၅ဝဝ ) USD

ခရီးစဉ်ဈေးနှုန်းတွင်ပါဝင်သည့်အရာများ
-    ဗီဇာကြေး နှင့် ဗီဇာဝန်ဆောင်မှု  
-    အပြည်ပြည်ဆိုင်ရာလေယဉ်လက်မှတ် ( အသွား ။ အပြန် ) နှင့် လေဆိပ်အခွန် ။ ပြည်တွင်းလေယဉ်လက်မှတ်နှင့် လေဆိပ်အခွန်
-    ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်နှစ်ယောက်အိပ်ခန်း နှင့် ခရီးစဉ်တွင်ဖေါ်ပြထားသော နံနက် ။ နေ့ လည် ။ ညစာများ
-    တရားဝင်ကိုရီးယား - အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန် နှင့် ဒေသခံမြန်မာဧည့်လမ်းညွှန်
-    ခရီးစဉ်လည်ပတ်မှုတွင် ပါဝင်သော ၀င်ကြေးများ နှင့် လူတစ်ဦး၊ တနေ့ လျှင်သောက်ရေသန့်  တစ်ပုလင်းးစီ
-    ခရီးစဉ်လည်ပတ်မှုအတွက် စမငလအေန ငေမ ခသညိငအငသည ခမေ

ခရီးစဉ်ဈေးနှုန်းတွင်မပါဝင်သည့်အရာများ
-   Beverages/ Laundry service / Optional tour / ခရီးစဉ်တွင် ပါဝင်သည်ဟုဖေါ်ပြမထားသော သွားလာ ။ လည်ပတ်မှု နှင့် ၀င်ကြေး
-  Tel/ Email/ Internet / Mini Bar အသုံးပြုမှုများ နှင့် အချိန်ပိုလည်ပတ်မှုများ၏ ကုန်ကျစရိတ်များ ( driver/guide/.. etc ), Tips