Art and Volcanoto Tour

ရန်ကုန် - ဘာလီ -  ရန်ကုန် ( ၅ ရက် /  ၄ ည ) ခရီးစဉ်

             

 

ပထမနေ့    :  ရန်ကုန် –  ဘာလီ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ( ၁ဝး ၁ဝ ) အချိန်တွင် Silk Air လေယာဉ်ဖြင့် စတင် ထွက်ခွာ ပါမည်။ စင်္ကာပူချန်ဂီလေဆိပ်သို့ ( ၁၄း ၄၅ ) တွင် ရောက်ရှိပြီး ( ၁၆း ၄ဝ ) အချိန်တွင် ချန်ဂီ လေဆိပ် မှတဆင့် ဘာလီကျွန်းသို့ ပြန်လည်ထွက်ခွာရာ ဘာလီကျွန်းလေဆိပ်သို့ ( ၁၉း ၁ဝ ) တွင် ရောက်ရှိပါသည်။ လေဆိပ်တွင် ဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီး တည်းခိုမည့် သင်္ဘောပုံသဏ္ဍန် ကြယ်သုံးပွင့်အဆင့်ရှိ BTC ( သို့  )  Similar သို့ ပို့ဆောင်ပေး ပါမည်။ ဟိုတယ်တွင် ညအိပ်အနားယူပါမည်။

 

ဒုတိယနေ့   :  ဘာရွန် နှင့် ကင်းတားမာနီခရီးစဉ် ( နံနက်စာ / နေ့လည်စာ / ညစာ )
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက်၊ ယနေ့ တွင် မီးတောင်အတွင်းဖြစ်ပေါ်နေသောအနုပညာတိုးခရီးစဉ်ကိုစတင်လည်ပတ်ကြပါမည်။ ပထမဦးစွာသွားလည်ပတ်မည့် နေရာမှာ ဘာလီကျွန်းရှိ Batu Bulan ရွာဖြစ်ပါသည်။ ၄င်းရွာတွင်ဘာလီကျွန်း၏ နာမည်ကျော်ဘာရွန်အက ( Barong& Keris Dance ) ဗိုက်လှုပ်အကကို တခြားဧည့်သည်များနှင့်အတူ ဝင်ရောက်ကြည့်ရှု့နိုင် သလို ဝင်ရောက်ကနိုင်ပါသည်။ ၄င်းမှာ ဘာလီကျွန်း၏ ရိုးရာယဉ်ကျေးမှုကို ဖော်ပြသော Baliness ဖြစ်ပါ သည်။ ၄င်း Show ကို ကြည့်ပြီးနောက် နိုင်ငံခြားသား ခရီးသည်များ ပျော်ရွှင်စွာ သွားရောက်လည်ပတ်ပြီး အမှတ်တယပစ္စည်းများဝယ်လေ့ရှိသော Galuh( The central of Batik handicraft ) နှင့် Celuk Village  ( The central of Silver handicraft ) သို့ သွားရောက်လည်ပတ်ဈေးဝယ်ပါမည်။ ပြီးနောက်ုKintaman Area သို့ ဆက်လက်ထွက်ခွာပါမည်။ Kintaman Area ရှိ Pure and Beautiful Flores ကို ကြည့်ရှု့ လေ့လာပါမည်။ ၄င်းနောက် နေ့လည်စာကို Local Restaurant တွင် သုံးဆောင်ပြီးနောက် fTirta Empul ၏ ခရီးသွားဒေသဖြစ်သော Tampaksiring Area သို့လည်ပတ်ပါမည်။ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သော Elephant Cave သို့လည်းသွားရောက်လည်ပတ်ပါမည်။ Local Restaurant တွင် ညနေစာသုံး ဆောင်ပြီး နောက် ဟိုတယ်သို့ပြန်ပြီး အနားယူအိပ်စက်ပါမည်။

 

တတိယနေ့   :  Bedugul and Tanah Lot Beach ခရီးစဉ် ( နံနက်/ နေ့လည်/ ညစာ )
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာလီကျွန်းအလည်ပိုင်းကိုတနေ့တာလည်ပတ်မှုအဖြစ်စတင်ပါမည်။ ယနေ့လည်ပတ်မည့်နေရာများမှာ -အလွန်လှပသောရှုခင်းများရှိ၊ ၁၈ ရာစုနှစ်ကတည်ဆောက်ထားသော LOT TEMPLE ( or ) Royal Temple ဖြစ်သော Taman Ayun နှင့် လှပသော ဥယျာဉ် သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်၍ Bedugul Area ( Lake Bratan ) သို့ သွားရောက်လည်ပတ်ပါမည်။ Local Restaurant တွင် နေ့လည်စာကို သုံးဆောင်ပါမည်။ ၄င်းနောက် ဘာလီကျွန်းရှိ သစ်တောကြိုးဝိုင်းတစ်ခုဖြစ်သော Alas Kedaton သို့ သွားရောက်လည်ပတ်ပါမည်။ ၄င်းသစ်တောတွင် ချစ်စရာမျောက်ကလေးများနှင့် ကြီးမားသော လင်းနို့မည်း ကြီးများကိုလည်း တွေ့နိုင်ပါသည်။ ဆက်လက်၍ွှ Tanah Lot Beachသို့ သွားရောက် လည်ပတ်ပါမည်။ လှပသောကမ်းခြေနှင့် ကမ်းခြေတွင်ရှိသော နာမည်ကျော် ဘုရားကျောင်းများနှင့် ကန်ရေပြင် အလှအပရှု့ခင်း များကို ကြည်ရှု့ခံစားပြီးနောက် ညနေနေဝင်ဆည်းဆာအလှကိုလည်း ကြည့်ရှု့ ခံစားနိုင်ပါသည်။ ညနေစာကို Local Restaurant  တွင် သုံးဆောင်ပြီးနောက် ဟိုတယ်သို့ပြန်ပြီး အနားယူ အိပ်စက်ပါမည်။

 

စတုတ္ထနေ့    :  Tanjung Benoa - Uluwatu Tour – Pemdawa Beach ( နံနက်/နေ့လည်/ညစာ )
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဘာလီကျွန်းတောင်ဘက်ရှိ SdTanjung Benon, GWK ( Garuda Wisnu Kencana ) သို့ သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာကို သုံးဆောင်ပြီးနောက် ညီညာလှပပြီး သဲဖြူကျွန်း လို့ခေါ် ဆိုသော် Dreamland Beach သို့သွားရောက်လည်ပတ်ပါမည်။ ပြီးနောက် ဘာလီကျွန်းအဆုံး၌ရှိသော Uluwatu Temple သို့ သွားရောက်လည်ပတ်ပါမည်။ Local Restaurant တွင် ညနေစာသုံးဆောင်ပြီးနောက် ဧည့်လမ်းညွှန်မှ ပြန်လည်ပို့ဆောင်ပေးပါမည်။ ဘာလီတွင် ညအိပ်ပါမည်။

 

ပဉ္စမနေ့       :  ဘာလီကျွန်း - ရန်ကုန် ( နံနက်စာ )
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုပြီး ဟိုတယ်တွင် ထွက်ခွာခွင့်လုပ် ပြီးနောက် လေဆိပ်သို့ထွက်ခွာပါမည်။  ( ဝ၉း ၂၅ ) အချိန်တွငှ်ငူု ဗငမ လေယာဉ်ဖြင့် ဘာလီမှ စင်္ကာပူ သို့ထွက်ခွာပါမည်။ စင်္ကာပူလေဆိပ်သို့ ( ၁၁း ၅၅ ) တွင် ရောက်ရှိပြီး ၄င်းမှတဆင့် ( ၁၄း ၂ဝ ) တွင် ရန်ကုန်မြို့သို့ထွက်ခွါပါမည်။ ရန်ကုန်မြို့သို့ ရောက်ရှိပါမည်။

 

ခရီးစဉ်ဈေးနှုန်းများ ( တစ်ဦးဈေးနှုန်း )

Hotel Class

2-3 pax

4-7 pax

8-10 pax

11-14 pax

Class A  2* Hotel

450

430

395

385

Class B 3* Hotel

480

450

405

395

Class C 4 * Hotel

500

495

455

444

 

အထက်ပါဈေးနှုန်းများတွင်
•    လေဆိပ်ကြို / ပို့ ၊ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
•    ဟိုတယ်နှင့် နံနက်စာ ( ၂ ယောက်အိပ်ခန်း )
•    ခရီးစဉ်တလျှောက်ကား အကြို / အပို့ များ နှင့် ခရီးစဉ်တွင်ဖေါ်ပြထားသောလည်ပတ်မှုအစီအစဉ်များ
•    ခရီးစဉ်တွင်ဖေါ်ပြထားသော နေ့ လည်စာ နှင့် ညနေစာများ
•    သောက်ရေသန့် လူတစ်ဦးကိုတနေ့ လျှင်တစ်ပုလင်း

 

အထက်ပါဈေးနှုန်းများတွင်မပါဝင်သည့်အချက်များ
•    အချိုရည်များနှင့် ယမကာများ/အဝတ်လျှော်ခများနှင့်ကိုယ်ပိုင်အသုံးစရိတ်များခရီးစဉ်တွင်ဖေါ်ပြမထားသောလည်ပတ်မှုများ၊ သွားလာစရိတ်များ၊ လေယာဉ်အပိုလေးချိန်များ မိမိကိုယ်ပိုင်ပစ္စည်းသယ်ဆောင်ခများ နှင့် Porter charges များ
•    အပြည်ပြည်ဆိုင်ရာအသွား / အပြန်လေယာဉ်လက်မှတ်နှင့်လေယာဉ်ကွင်းအခွန်၊